ဆောက်လုပ်‌ရေးလုပ်ငန်းခွင်မှာတွေ့ရလေ့ရှိတဲ့မဖြစ်မနေသိထားရမယ့်အန္တရာယ်သတိပေးစကားလုံး လေးတွေကိုဂျပန်လိုလေ့လာမှတ်သားကြည့်ရအောင်....

(1)安全第一(あんぜん だいいち、an-zen-dai-ichi)-Safety First
ဆောက်လုပ်ရေးဆိုဒ်တွေထဲမှာအများဆုံးတွေ့ရတဲ့ Safety Firstဆိုတဲ့စကားလုံးကိုတော့安全第一လို့ခေါ်ပါတယ်။

(2) 工事中(こうじちゅう、kou-ji-chuu)-Under Construction
ဒီစကားလုံးကတော့ဆိုဒ်တွေရဲ့အရှေ့မှာအများဆုံးတွေ့ရပါတယ်။လမ်းသွားလမ်းလာတွေ၊အနီးနားနေထိုင်သူတွေအတွက်ဆောက်လုပ်နေဆဲဆိုတာသတိထားနိုင်အောင်工事中ဆိုပီးရေးထားလေ့ရှိပါတယ်။

(3) 作業中(さぎょうちゅう、sa-gyou-chuu)-Work in Progress
ဒီစကားလုံးကတော့ဆိုဒ်ထဲမှာအလုပ်သမားတွေ၊ဆိုဒ်စစ်ဆေးရေးတွေ၊လေ့လာသူတွေသတိထားလို့ရအောင်ဘယ်နေရာမှာဘာလုပ်နေလို့သတိထားပီးသွားလားပါဆိုတဲ့အနေနဲ့作業中ဆိုပီးရေးထားလေ့ရှိပါတယ်။

(4) 立入禁止(たちいりきんし、tachi-iri-kin-shi)-No Entry
ဒီစကားလုံးကလဲဆိုဒ်တွေထဲမှာမကြာခနတွေ့ရတဲ့စကားလုံးဖြစ်ပါတယ်။ဒီ立入禁止လို့‌ရေးထားရင်တော့ဘယ်သူမှဘာအကြောင်းနဲ့မှအဲ့နေရာကိုဝင်လို့မရ၊ဖြတ်လို့မရပါဘူး။

(5) 関係者以外立入禁止(かんけいしゃ いがい たちいりきんし、kan-kei-sha-igai-tachi-iri-kin-shi)-No Entry Except Staff/တာဝန်ရှိသူမှမဝင်ရ။
ဒီစကားလုံးကိုတော့ဘယ်သူမှမဝင်ရမဟုတ်ပဲ၊အဲ့နေရာမှာအလုပ်လုပ်နေတဲ့သူကလွဲပီးမသက်ဆိုင်သူတွေမဝင်ရဆိုတဲ့အနေနဲ့ရေးထားလေ့ရှိပါတယ်။

(6) 危険注意(きけん ちゅうい、ki-ken-chuu-i)-Danger Caution
ဆောက်လုပ်‌ရေးလုပ်ငန်းခွင်မှာအန္တရာယ်ရှိတဲ့နေရာတွေကိုသတိပေးချင်ရင်တော့危険注意လို့ရေးထားပါတယ်။

(7)足元注意(あしもと ちゅうい、ashi-moto-chuu-i)-Watch Your Step
လုပ်ငန်းခွင်အတွင်းခြေထောက်ထိခိုက်ဒဏ်ရာ(သို့)တစ်ခုခုတက်နင်းတာ၊တိုက်မိတာကြောင့်ထိခိုက်ဒဏ်ရာမဖြစ်ရအောင်足元注意ဆိုပီးသတိပေးလေ့ရှိပါတယ်။

(8) 段差注意(だんさ ちゅうい、dan-sa-chuu-i)- Watch the Steps
လုပ်ငန်းခွင်အတွင်းကြမ်းခင်းLevelအနိမ့်အမြင့်မတူတဲ့နေရာ၊အထစ်ရှိသောနေရာတွေမှာ段差注意ဆိုပီးသတိပေးလေ့ရှိပါတယ်။

(9) 頭上注意(ずじょう ちゅうい、zu-jyou-chuu-i)-Overhead Caution
လုပ်ငန်းခွင်တွင်ဦးခေါင်းပိုင်းထိခိုက်မှုမရှိစေရန်အတွက်頭上注意ဆိုပီးသတိပေးလေ့ရှိပါတယ်။

(10) 開口部注意(かいこうぶ ちゅうい、kai-kou-bu-chuu-i)-Opening Caution
လုပ်ငန်းခွင်တွင်းအပေါက်ရှိတဲ့နေရာတွေမှာမကျအောင်သတိထားနိုင်ဖို့အတွက်開口部注意ဆိုပီးသတိပေးလေ့ရှိပါတယ်။