ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ ဂျပန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံတစ်ခုဖြစ်တဲ့ おじぎ လို့ခေါ်တဲ့ အလေးပြုခြင်း(သို့)ဉီးညွတ်ခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။

အနောက်တိုင်းနိုင်ငံတွေမှာဆိုရင် တစ်ဉီးနဲ့တစ်ဉီးနှုတ်ဆက်တဲ့အခါ လက်ဆွဲနှုတ်ဆက်လေ့ရှိကြပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင်တော့ လက်အုပ်ချီပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဟိုးရှေးကတည်းက တစ်ဉီးနဲ့တစ်ဦး ဦးညွတ်ခြင်းဖြင့် နှုတ်ဆက်ခြင်းကို ပြုလုပ်လာခဲ့ကြပါတယ်။

ယခုနောက်ပိုင်းမှာ စီးပွားရေးဆိုင်ရာ တွေ့ဆုံမှုမျိုးတွေမှာ လက်ဆွဲနှုတ်ဆက်တာမျိုးကို ပြုလုပ်လာကြပေမဲ့ ဦးညွတ်ခြင်းဓလေ့ကတော့ ယခုထိ ရှိနေတုန်းပဲဖြစ်ပါတယ်။

おじぎ မှာဆိုရင် အခြေခံအားဖြင့် (၃)မျိုးရှိပါတယ်။ ဘယ်လိုနေရာတွေမှာ,ဘယ်လိုလူတွေနဲ့ဆိုရင် ဘယ်လိုပုံစံနဲ့ ဦးညွတ်ကြသလဲ ဆိုတာကို ပုံနဲ့တွဲပြီး လေ့လာကြည့်ကြရအောင်။

*၁*

တစ်စုံတစ်ယောက်က ဘေးကနေ ဖြတ်သွားတဲ့အခါမျိုးမှာ ဒီပုံစံလေးနဲ့ ပေါ့ပေါ့ပါးပါးဉီးညွတ်နှုတ်ဆက်မယ်ဆို ခန္ဓာကိုယ်ကို 15 Degree ခန့် ဦးညွှတ်ပြီးနှုတ်ဆက်လေ့ရှိတယ်...

ဥပမာ - おはようございます。こんにちは。

စတဲ့စကားလုံးတွေပြောဆိုတဲ့အချိန်

*၂*

ဧည့်သည်တွေနဲ့ ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေကို ဉီးညွတ်နှုတ်ဆက်တဲ့အခါ ခန္ဓာကိုယ်ကို 30 Degree ခန့် ဦးညွှတ်ပြီးး နှုတ်ဆက်လေ့ရှိတယ်...

ဥပမာ - おはようございます。

    こんにちは。

    すみません。စတဲ့ စကားလုံးကိုသုံးနှုန်းပြောဆိုတဲ့အချိန်

*၃*

အလေးအနက် တောင်းပန်တဲ့အခါနဲ့ ကျေးဇူးတင်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်ကို 45 Degree ခန့်

ဦးညွှတ်ပြီး အလေးအနက်ပြောဆိုလေ့ရှိတယ်...

ဥပမာ - ごめんなさい。

    すみませんでした

    申し訳ございません စတဲ့ စကားလုံးကိုသုံးနှုန်းတဲ့အချိန်

ဂျပန်လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တဲ့အခါကျရင် အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပါတယ်...