သူငယ်ချင်းကို မုန့်စားမလားမေးချင်တယ် ဘယ်လိုပြောရမလဲ?

『Japanese Words Q&A Corner』

ပုံထဲကအတိုင်း သူငယ်ချင်းကို မုန့်စားမလားမေးချင်တယ် ဘယ်တစ်ခုသုံးပြီးမေးရမလဲ?

၂ခုစလုံးအသုံးပြုလို့ရပေမယ့်

①これ、たべますか。လို့ သုံးလိုက်တယ်ဆိုရင် စားချင်စားမစားချင်နေ ဆိုတဲ့ တစ်ဖက်လူအမြင်မှာ ရိုင်းစေတဲ့အဓိပ္ပာယ်မျိုးသက်ရောက်ပါတယ်။

② これ、たべませんか。လို့ သုံးတာက ပိုမှန်ပါတယ်။

မြန်မာလိုဆိုရင်တော့ စားမလား ဆိုပြီး စားစေချင်တဲ့စိတ်မျိုးနဲ့ ကျွေးတယ်ဆိုတာလေးကို ပိုပြီးပေါ်လွင်စေပါတယ်။

ဒါကြောင့်မလို့ တစ်ခုခုတိုက်တွန်းတော့မယ်၊လုပ်စေချင်တဲ့အခါမျိုးတွေမှာဆိုရင် Vませんかဆိုတဲ့ Grammar Pattern ကို အသုံးပြုတာပိုကောင်းပါတယ်...

eg; いっしょに ショッピング いきませんか。

いっしょに べんきょうしませんか。