
今日は満月です。 သီတင်းကျွတ်ပွဲတော်နဲ့ဆိုင်တဲ့ စကားလုံးလေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျ...
သီတင်းကျွတ်ပွဲတော်ကို ဂျပန်လူမျိုးတွေက ろうそく祭り(rosoku matsuri) ( သို့) 火祭り(himatsuri) ဆိုပြီးခေါ်ကြပါတယ်...
ろうそく祭り(rosoku matsuri) - မီးထွန်းပွဲတော်
おしゃが様 ( Oshagasama) - မြတ်စွာဘုရား
お参りする(omairi suru) - ရှိခိုးပူဇော်သည်
お小遣い( okodukai) - မုန့်ဖိုး
寺院(jiin) - ဘုန်းကြီးကျောင်း
お礼(orei) - ကျေးဇူး
迎える(mukaeru) - ကြိုဆိုသည်
雨季(uki) - မိုးရာသီ
仏教徒(Bukkyoto ) - ဗုဒ္ဓဘာသာဝင်
天國(tenkoku) - နတ်ပြည်
修業する(shugyo suru) - တရားကျင့်ကြံအားထုတ်သည်
ろうそく祭りとはなんですか?
သီတင်းကျွတ်ပွဲတော်ဆိုတာ ဘာလဲ?
ダディンジュ祭りは雨安居(うあんご)が明けた10月の満月の日(今年は10月20日)に迎える祝日です。
သီတင်းကျွတ်ပွဲတော်သည် မိုးရာသီကုန်ပြီးနောက် ၁၀လပိုင်းရဲ့လပြည့်နေ့မှာ ကျင်းပတဲ့ ပွဲတော်ရက်ပဲဖြစ်ပါတယ်...
雨季3ヶ月をかけて僧侶が外での修行をやめてお寺で修業します。
မိုးရာသီ၃လအတွင်းမှာ မြတ်စွာဘုရားတပည့်တော်သားများသည် အပြင်မထွက်ဘဲဘုန်းကြီးကျောင်းတွင် တရားကျင့်ကြံအားထုတ်ကြသည်။
仏教徒はこの期間、婚礼や旅行、引っ越しなどを控えます。
ဗုဒ္ဓဘာသာဝင်များလည်း မိုးကာလအတွင်း လက်ထပ်ခြင်း၊ခရီးထွက်ခြင်း၊ အိမ်ပြောင်းရွေ့ခြင်းတို့ကို မလုပ်ကြပေ။
雨季明けの10月満月の日にお釈迦様が天國で天神様達に説教を伝えた後に天から舞い戻ってきた日です。
လပြည့်နေ့တွင် မြတ်စွာဘုရားမှာ နတ်ပြည်မှ နတ်သားများကို တရားဟောပြီးနောက် လူ့ပြည်သို့ပြန်လည်ကြွချီလာသည့်နေ့ပင်ဖြစ်သည်။
当日の夜は、お釈迦様が天から舞い戻る際に地上がよく見えるように、家の玄関先やベランダにろうそくや提灯などで火を灯してお釈迦様を迎える準備をします。
လပြည့်ညသည် မြတ်စွာဘုရားသည် နတ်ပြည်မှကြွချီလာမည့်အချိန်အခါတွင် အိမ်တိုင်း၏တံခါးဝ၊ဝရန်တာတို့တွင် ဖယောင်းတိုင် ၊မီးပုံးများကိုထွန်းညှိပြီး မြတ်စွာဘုရားကို ကြိုဆိုသောအားဖြင့် မီးထွန်းညှိပူဇော်ကြသည်။
ダディンジュは、普段お世話になっている親、上司、親戚、先生たちに感謝の意を込めて贈り物を送りお参りをする習慣があります。
သီတင်းကျွတ်တွင် ကျေးဇူးရှိသည့်မိဘ၊ဆရာသမား ဆွေမျိုးများကို အလှူဝတ္ထုပစ္စည်းများဖြင့်လည်းကန့်တော့လေ့ရှိကြသည်။
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ လူတိုင်း ကပ်ဘေးအပေါင်းမှ ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါကြပါစေ။ ကျွန်တော်တို့အခုကြုံနေရတဲ့ အခက်အခဲများကိုလည်းအမြန်ဆုံးရင်ဆိုင်ကျော်လွှားနိုင်ကြပြီး ငြိမ်းချမ်းမှုကိုအမြန်ဆုံးရရှိနိုင်ပါစေ။ အားလုံး ဘဝရဲ့အနာဂတ်ခရီးလမ်းမှာ ဆီမီးရောင်လို ထိန်ထိန်လင်းပြီး လိုရာပန်းတိုင်ကိုလည်း အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ လို့ eJLS Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ...