「危険」と「危ない」の違い

N3 Level မှာ ကျောင်းသားအများစုအမေးများတဲ့

危険 VS 危ない

ဒီနှစ်ခုရဲ့ကွာခြားချက်‌ပြန်လည်Sharingလုပ်ပေးချင်ပါတယ်။

危険 ⇒きけん、 危ない⇒あぶない

危険 နဲ့ 危ないအဓိပ္ပါယ်က အန္တရာယ်ရှိသောဖြစ်ပါတယ်။

ဂျပန်ဘာသာမှာ Kanji ကို

1)漢語(かんご)⇒တရုတ်ဘာသာမှယူသုံးထားသည့်စကားလုံး

2)和語(わご)⇒ဂျပန်ဘာသာစကားရဲ့ မူရင်းစကားလုံး

(၂)မျိုးရှိပြီး 危険=漢語、危ない=和語 ဖြစ်ပါတယ်။

★ ရုတ်တရက်အန္တရာယ်ဖြစ်တဲ့အခြေအနေမှာ

危ない! = 和語 ကိုသုံးပါတယ်။

★危険=漢語 ကို သုံးလို့မရပါဘူး။