Roof Terms

(1)屋根(やね、ya-ne)-Roof
အဆောက်အဦးတစ်ခုရဲ့အမိုးများကို屋根လို့ခေါ်ပါတယ်။屋根အမျိုးအစားတွေဆက်လေ့လာရအောင်...

(2) バタフライ屋根(バタフライやね、ba-ta-fu-rai-ya-ne)-Butterfly Roof
လိပ်ပြာတောင်ပံပုံအမိုးများကိုバタフライ屋根လို့ခေါ်ပါတယ်။အလယ်လိုင်းမှာအောက်ရောက်နေပီးဘေးလိုင်းနှစ်ဖက်အပေါ်ရောက်နေတဲ့Slopeပြောင်းပြန်ပုံအမိုးဖြစ်ပါတယ်။

(3) 片流れ屋根(かたながれやね、kata-nagare-ya-ne)- Skillion Roof, One Sided Roof
တစ်ဖက်ချအမိုးအမျိုးအစားကို片流れ屋根လို့ခေါ်ပါတယ်။

(4) 切妻屋根(きりづまやね、kiri-duma-ya-ne)-Gable Roof
နှစ်ဖက်ချအမိုးအမျိုးအစားကို切妻屋根လို့ခေါ်ပါတယ်။အတွေ့အများဆုံးနဲ့အသုံးအများဆုံးအမိုးဖြစ်ပါတယ်။

(5) 寄棟屋根(よせむねやね、yose-mune-ya-ne)-Hip Roof
လေးဖက်ချအမိုးအမျိုးအစားကို寄棟屋根လို့ခေါ်ပါတယ်။လေးဘက်လုံးSlopeတူLengthတူမဟုတ်ပဲ၊မျက်နှာချင်းဆိုင်အမိုးနှစ်ခုပဲSlopeတူLengthတူပါတယ်။သူလဲအတွေ့အများဆုံးနဲ့အသုံးအများဆုံးအမိုးဖြစ်ပါတယ်။

(6)方形屋根(ほうぎょうやね、hou-gyou-ya-ne)-Square Roof
သူလဲလေးဖက်ချအမိုးHip Roofအမျိုးအစားဖြစ်ပီး方形屋根လို့ခေါ်ပါတယ်။သူကတော့အနားလေးဘက်လုံးညီပီးSlopeလဲညီတဲ့ခေါင်မျိုးဖြစ်ပါတယ်။

(7)入母屋屋根(いりもややね、iri-mo-ya-ya-ne)- Half-hipped roof
နှစ်ဖက်ချအမိုး(切妻屋根)နဲ့လေးဖက်ချအမိုး(寄棟屋根)နှစ်ခုပေါင်းထားတဲ့အမိုးကို入母屋屋根လို့ခေါ်ပါတယ်။Roofရဲ့အပေါ်ပိုင်းက နှစ်ဖက်ချအမိုး(切妻屋根)ဖြစ်ပီး၊အောက်ဘက်ပိုင်းကတော့ လေးဖက်ချအမိုး(寄棟屋根)ပုံစံဖြစ်ပါတယ်။ပုံတွင်ကြည့်ပါ။

(8) 差し掛け屋根(さしかけやね、sashi-kake-ya-ne)-Lean-to Roof
နှစ်ဖက်ချအမိုးအမျိုးအစားဖြစ်ပေမယ့်အနားနှစ်ဖက်မညီ၊Slopeမတူတဲ့အမိုးကို差し掛け屋根လို့ခေါ်ပါတယ်။အဆောက်အဦးထပ်ချဲ့တဲ့အခါမှာအသုံးများပါတယ်။သူ့ကိုနောက်ထပ်招き屋根(まねきやね、mane-ki-ya-ne)လို့လဲခေါ်ပါတယ်။

(9) のこぎり屋根(のこぎりやね、no-ko-gi-ri-ya-ne)- Saw-tooth Roof
လွှသွားပုံအမိုးကိုのこぎり屋根လို့ခေါ်ပါတယ်။အများအားဖြင့်စက်ရုံဂိုထောင်အမိုးတွေမှာအသုံးများပါတယ်။

(10) 陸屋根(ろくやね、roku-ya-ne)-Flat Roof
Flat Roofအမျိုးအစားကို陸屋根လို့ခေါ်ပါတယ်။နောက်တစ်မျိုးフラット屋根(fu-ra-tto-ya-ne)လို့လဲခေါ်ပါတယ်။