မတော်တဆမှုကနေ ဖြစ်တည်လာတဲ့ ဂျပန်တို့ရဲ့ အသည်းစွဲ အစားအစာ "နတ်တို" (Nattou)

မတော်တဆမှုကနေ ဖြစ်တည်လာတဲ့ ဂျပန်တို့ရဲ့ အသည်းစွဲ အစားအစာ "နတ်တို" (Nattou)

ဂျပန်စာအုပ်တွေ၊ ဗီဒီယိုတွေထဲမှာ ပဲစေ့လေးတွေ စေးကပ်ကပ်နဲ့ အမျှင်တန်းနေပြီး ထမင်းပူပူလေးပေါ် တင်စားတတ်ကြတဲ့ “နတ်တို” (Nattou) ကို မြင်ဖူးကြမှာပါ။ အနံ့ပြင်းပြင်း၊ စေးစေးကပ်ကပ်နဲ့မို့ အချို့က မစားရဲကြပေမဲ့ ဂျပန်လူမျိုးတွေအတွက်တော့ မနက်ခင်းတိုင်း မရှိမဖြစ် ကျန်းမာရေးဓာတ်စာတစ်ခုပေါ့။

ဒါပေမဲ့ ဒီနေ့ခေတ် စူပါမားကတ်တွေမှာ ဖော့ဗူးလေးတွေနဲ့ အလွယ်တကူ ဝယ်လို့ရနေတဲ့ နတ်တိုရဲ့ နောက်ကွယ်မှာ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းကြောင်းနဲ့ စိတ်ဝင်စားစရာ “မတော်တဆမှု” ဒဏ္ဍာရီတွေ ရှိနေတာကို သိကြပါသလား။ 🤔

🌾 သဘာဝတရားရဲ့ မတော်တဆ လက်ဆောင်

သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက ဂျပန်လူမျိုးတွေဟာ ပဲပုပ်တွေကို ပြုတ်ပြီးရင် သိမ်းဆည်းရလွယ်အောင် ‘ကောက်ရိုး’ နဲ့ ရက်လုပ်ထားတဲ့ အိတ်တွေ၊ ခြင်းတောင်းတွေထဲ ထည့်လေ့ရှိကြပါတယ်။ဒီနေရာမှာ ထူးခြားတာက “ကောက်ရိုး” ပေါ်မှာ သဘာဝအလျောက် Nattou Bacteria (Bacillus subtilis) တွေ မှီတင်းနေထိုင်ကြတာပါ။ ပဲပုပ်ပြုတ်ရဲ့ အပူရှိန်နဲ့ စိုစွတ်မှုကြောင့် ကောက်ရိုးထဲက ဘက်တီးရီးယားတွေဟာ ပဲပုပ်တွေကို အချဉ်ပေါက် (Ferment) စေခဲ့ပြီး ပထမဆုံး နတ်တို ဖြစ်တည်မှုကို မတော်တဆ ဖန်တီးပေးခဲ့ပါတယ်။

⚔️ စစ်မြေပြင်က ရှာဖွေတွေ့ရှိမှု

(နာမည်ကြီး ဒဏ္ဍာရီ)အေဒီ ၁၁ ရာစု (၁၀၈၃ ခုနှစ်ဝန်းကျင်) စစ်ပွဲတစ်ခုအတွင်းမှာ စစ်သူကြီး မီနာမိုတို နို ယိုရှီအီအဲ (Minamoto no Yoshiie) ရဲ့ စစ်သည်တော်တွေဟာ မြင်းစာအတွက် ပဲပုပ်တွေကို ပြုတ်နေကြပါတယ်။ ထိုအချိန်မှာ ရန်သူတွေက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်တာကြောင့် ပဲပုပ်ပြုတ်တွေကို ကောက်ရိုးအိတ်တွေထဲ အလောတကြီးထည့်ပြီး မြင်းပေါ်တင်ကာ ထွက်ပြေးခဲ့ရပါတယ်။ရက်အနည်းငယ်ကြာလို့ ဘေးကင်းတဲ့နေရာရောက်မှ အိတ်ကို ဖွင့်ကြည့်တဲ့အခါ ပဲပုပ်တွေဟာ အချဉ်ပေါက်ပြီး စေးကပ်ကပ် အမျှင်တွေ ထွက်နေပါတော့တယ်။ ဒါပေမဲ့ ဆာလောင်လွန်းတဲ့ စစ်သားတွေဟာ စွန့်စားပြီး စားကြည့်ရာကနေ အရသာရှိရုံတင်မကဘဲ လူကိုပါ ခွန်အားပြည့်ဝစေမှန်း သိရှိသွားကြပြီး နတ်တိုဟာ စစ်သည်တော်တွေရဲ့ အကြိုက်ဆုံး ရိက္ခာဖြစ်လာခဲ့ပါတယ်။

⛩️ ဘုန်းကြီးကျောင်းက လာတဲ့ နာမည်

“နတ်တို” (Natto - 納豆) ဆိုတဲ့ စကားလုံးဟာ “နတ်” (Nassyo-納所 - ဘုန်းကြီးကျောင်းရဲ့ မီးဖိုဆောင်) နဲ့ “တို” (Tou-豆 - ပဲစေ့) ဆိုတဲ့ စကားလုံး (၂) ခုပေါင်းရာကနေ ဆင်းသက်လာတာပါ။ ကနဦးပိုင်းမှာ ဒီအစားအစာကို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ အများဆုံး ပြုလုပ်စားသုံးကြပြီး သက်သတ်လွတ်စားတဲ့ သံဃာတော်တွေအတွက် အရေးပါတဲ့ ပရိုတင်း (Protein) အရင်းအမြစ် ဖြစ်ခဲ့တာကြောင့် ဒီအမည် တွင်သွားခြင်း ဖြစ်ပါတယ်။

🏪 အဲဒိုခေတ်မှသည် ယနေ့ခေတ်ဆီသို့

၁၇ ရာစု (Edo Period) ရောက်တဲ့အခါမှာတော့ နတ်တိုဟာ လမ်းဘေးဈေးသည်တွေ မနက်ခင်းတိုင်း လှည့်လည်ရောင်းချတဲ့ သာမန်အရပ်သားတွေရဲ့ အခြေခံ နံနက်စာ ဖြစ်လာခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ သိပ္ပံပညာအကူအညီနဲ့ ကောက်ရိုးတွေ သုံးစရာမလိုတော့ဘဲ ဓာတ်ခွဲခန်းမှာ သန့်စင်စွာမွေးမြူထားတဲ့ ဘက်တီးရီးယားကို သုံးပြီး စက်ရုံတွေမှာ စနစ်တကျ ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။

Nattou ရဲ့ အံ့ဩဖွယ် ကျန်းမာရေး အကျိုးကျေးဇူး (၄) ချက်

[၁]Natto မှာ ပါဝင်တဲ့ Nattoukinase ဆိုတဲ့ အင်ဇိုင်းဟာ သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးတိုးရောဂါနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတာမို့လို့ နှလုံးနဲ့ သွေးကြော ကျန်းမာရေး အတွက် အ‌ထောက်အကူပြုပါတယ်။

[၂]ဗီတာမင် K2 (Vitamin K2) ကြွယ်ဝစွာ ပါဝင်တာကြောင့် ကယ်လ်ဆီယမ်ကို အရိုးဆီ သို့ အပြည့်အဝ ရောက်ရှိစေပြီး အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အရိုးပါးရောဂါကို ကာကွယ်ပေးပါတယ်။

[၃]အချဉ်ဖောက်ထားတဲ့ အစားအစာ ဖြစ်တာကြောင့် အူလမ်းကြောင်းအတွက် အလွန်ကောင်းမွန်တဲ့ Probiotics (အကျိုးပြု ဘက်တီးရီးယား) များစွာ ပါဝင်ပြီး အစာချေဖျက်မှုကို ကူညီပေးပါတာကြောင့်မို့လို့ အစာခြေစနစ်နဲ့ အူလမ်းကြောင်း ကောင်းမွန်ခြင်းကို ကောင်းစွာ အထောက်အကူပြပါတယ်။

[၄]အပင်မှရရှိတဲ့ ပရိုတင်း (Plant-based protein)၊ သံဓာတ်၊ ဇင့် (Zinc) နဲ့ ဖိုင်ဘာဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

Nattou ကို ဘယ်လို အရသာရှိရှိ စားမလဲ?

ဇွန်း သို့မဟုတ် တုတ် (Chopsticks) နဲ့ အမျှင်စီးစီးလေးတွေ အများကြီး ထွက်လာတဲ့အထိ နာနာလေး မွှေပေးပါ။

ပုံမှန်အားဖြင့် ပါလာတတ်တဲ့ ပဲငါးပိရည် (Shoyu) နဲ့ မိုစတာဒ် (Karashi Mustard) တို့ကို ထည့်ပြီး ထပ်မံ မွှေပါ။

ပူပူနွေးနွေး ထမင်းဖြူပေါ် တင်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်မြှိတ်၊ ကြက်ဥအစိမ်း သို့မဟုတ် ရေညှိဖတ်လေးတွေ နဲ့တွဲဖက်ဖြူးစားရင် အရသာ ပိုမို ကောင်းမွန်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဓာတ် ပြည့်ဝတဲ့ ဂျပန်ရိုးရာ Natto ကို မိနစံ တို့ရော စားဖူးကြရဲ့လား? စားဖူးရင် ဘယ်လိုခံစားရလဲ ဆိုတာ ကွန်မန့်မှာ မျှဝေခဲ့ကြပါဦးနော်။ 👇

eJLS မှ သင်ကြားပေးတဲ့ ဂျပန်စာသင်တန်းတွေကို စျေးနှုန်းသက်သက်သာသာနဲ့ အထိရောက်ဆုံး လေ့လာချင်တယ်ဆိုရင်တော့ ဒီ Link လေးကနေအခုပဲဝင်ရောက်စုံစမ်းလိုက်တော့နော် ✨