Osaka(大阪) မြို့ရဲ့ Osaka Castle(大阪城) မှာဆိုရင် လှပတဲ့ သဘာဝပတ်ဝန်းကျင်ရှုခင်းများအပြင် အဆောင်အယောင်များစွာနဲ့ ခမ်းနားလှတဲ့ နန်းတော်ကြီးရှိပါတယ်။

ဂျပန်လူမျိုးအများစုဟာ နန်းတော်ကြီး ရဲ့အလှကို ရှုစားရင်း Stress တွေဖြေဖျောက်နိုင်ဖို့အတွက် ပိတ်ရက်ရှည်တွေမှာ မကြာခဏ အလည်အပတ်လာလေ့ရှိကြပါတယ်။ အနီးအနားပတ်ဝန်းကျင်မှာလဲ လည်ပတ်သူများပြားလှတဲ့ Universal Studio ဆိုတဲ့ အထင်ကရ နေရာလည်းရှိနေပြန်ပါတယ်။

Osaka(大阪)မြို့ရဲ့အနီးမှာ တည်ရှိတဲ့ Kyoto(京都) မြို့မှာလည်း ဂျပန်ရိုးရာဝတ်စုံများဖြစ်တဲ့ Kimono(着物), Yukata(浴衣)တို့ ဝတ်ဆင်ရင်း အလှဓာတ်ပုံရိုက်ကူးခြင်းများလည်းပြုလုပ်နိုင်ပါတယ်နော်။ အဲ့တာကြောင့် ဂျပန်နိုင်ငံတွင်ရောက်ရှိနှင့်ပြီး (သို့) မကြာခင်အချိန်အတွင်းမှာ သွားတော့မည့် ခရီးသွားဝါသနာအိုးလေးတွေအတွက် အထောက်အကူဖြစ်စေဖို့ Osakaမြို့ရဲ့ အကြောင်းကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် . . .