ဂျပန်နိုင်ငံ မှ Ibusuki(指宿市)မြို့ သည် Sand Bathလုပ်ခြင်းအတွက်ကျော်ကြားသောမြိုဖြစ်ပြီး "Sand Bath"လုပ်ခြင်းဆိုသည်မှာ လူများသည် မိမိ ခန္ဓာကိုယ်အပေါ်သို့ သဘာဝအတိုင်းပူနေသော သဲများဖြင့် ဖုံးပေးထ

"Sand Bath" လုပ်ခြင်းကို ဟိုတယ်တွေနှင့်အခြားအဆောက်အဦးတွေမှာ လုပ်ဆောင်နိုင်သော်လည်း နာမည်အကြီးဆုံးနေရာမှာ Ibusukiဘူတာမှတစ်ကီလိုမီတာခန့်အဝေးတွင်တည်ရှိသော "SARAKU" Sand Bath Hall ဖြစ်ပါတယ်။

"Sand Bath" လုပ်နေစဉ်အတွင်းတွင် ခန္ဓာကိုယ်တွင်းရှိသွေးများသည် နှလုံးသို့ ပိုမိုလွယ်ကူစွာရောက်ရှိနိုင်ပြီး သဲထုအလေးချိန်ဖိအားကြောင့် နှလုံးမှပို့ပေးတဲ့သွေးများကလည်း ပမာဏများလာကာ သဲအပူချိန်ကြောင့် သွေးကြောတွေကိုချဲ့ပေးသလိုဖြစ်တာကြောင့် ကိုယ်တွင်းသွေးလည်ပတ်မှုအတွက် ပိုမို အကျိုးရှိစေပါတယ်။ သာမာန်ရေပူစမ်း‌များတွင် ‌စိမ်ခြင်းထက် သုံးဆ မှ လေး‌ဆအထိ ပိုမို‌ကောင်းမွန်တယ်လို့လည်းပြောကြပါတယ် . . .

Sand Bath လုပ်ခြင်းကြောင့် ချွေးထွက်ကာ ကိုယ်တွင်း အညစ်အကြေးများ ထွက်သွားပြီး စိတ်ဖိစီးမှုများ လျော့နည်းစေတာကြောင့် ခရီးသွားအများစုလာကြခြင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း သွေးတိုး၊နှလုံး၊အဆုတ် ရောဂါရှိသူများကတော့ Sand Bath လုပ်ခြင်းကို ရှောင်ကြဉ်သင့်တယ် လို့သိရပါတယ်. . .

အားလုံးလည်း ဂျပန်မှာ‌ရှိတဲ့အချိန် သွားရောက်လည်ပတ်လို့ရအောင် ဗဟုသုတအနေနဲ့ ‌ဝေမျှပေးလိုက်ပါတယ်နော် 😃. . .

☎️ 09-442909042

#japan

#eJLS

#japanese