******ခွေးလေး Hachikou(ハチ公) ******

Hachikou ကို ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အိုဒါတဲ (大館)မြို့ အနီးတွင် ‌မွေးဖွားခဲ့ပါသည်။ ၁၉၂၄ခုနှစ်တွင် တိုကျိုမြို့ရှိ Professor တစ်ဦးက ဝယ်ယူမွေးဖွားခဲ့ပြီး ရှိဘုယျ(渋谷)တွင် နေထိုင်ခဲ့ကြပါတယ်။ Hachikou ဟာ ရှိဘုယျ ဘူတာတွင် သခင်ဖြစ်သူရဲ့ အလုပ်အသွားအပြန်ကို နေ့စဉ်နေ့တိုင်း အကြိုအပို့လုပ်ပေးခဲ့ပါတယ်။
အဲ့ဒီနောက် ၁၉၃၅ခုနှစ် မတ်လ ၈ ရက်နေ့တွင် သခင်ဖြစ်သူက အလုပ်ခွင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ သို့ပေမဲ့လည်း Hachikouဟာ သခင်ဆုံးပါးသွားတာကိုမသိရှာပဲ ရှိဘုယျဘူတာကို နေ့စဉ်နေ့တိုင်းသွားပြီး သခင်ရဲ့ ရုံးအပြန်အလာကို စောင့်ကြိုနေခဲ့ပါတယ်။ ခွေးလေးHachiko သေဆုံးပြီးနောက် သူ့ကို အမြဲတမ်း အမှတ်ရစေဖို့ တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများနှင့် ရုပ်ရှင်များ ၊စာအုပ်များ နှင့် media များစွာတွင် ‌ဖော်ပြခြင်းခံခဲ့ရပါတယ်။ Hachikouလေးဟာ ဘူတာမှာ သခင်ပြန်အလာကို စောင့်နေရင်း သခင်ကသေဆုံးသွားတာကို မသိနိုင်ပဲ သူ့ဘဝနောက်ဆုံးအချိန်အထိ ကိုးနှစ်နဲ့ ကိုးလတိုင်အောင် စောင့်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် Hachikouရဲ့ သခင့်အပေါ် သစ္စာရှိမှု၊ ချစ်မြတ်နိုးမှု၊ အစွဲအလမ်းကြီးမှု တို့ကို အသိအမှတ်ပြု သောအနေဖြင့် Hachikouအမည်ကို အစွဲပြု၍ ရှိဘုယျဘူတာတွင် Hachikou ရုပ်တုလေးကို ပြုလုပ်ဖန်တီးပေးခဲ့ကြပါတယ်။ Hachikouလေးစောင့်နေလေ့ရှိတဲ့ ဂိတ်ပေါက်ကိုလည်း Hachi ဂိတ်ပေါက်လို့အမည်ပေးခဲ့ကြပါသေးတယ်။

☎️ 09-442909042
#japan
#eJLS