ခန်းဂျီးတွေဟာ တကယ်ပဲ မှတ်ရတာခက်လား ? ခန်းဂျီးမှတ်နိုင်ခြင်းဖြင့် ဘယ်လိုကောင်းကျိုးရနိုင်မလဲ ?

ဂျပန်စာသည် ရေးသားနည်း တစ်ခုထက်ပိုမိုများပြားသော ဘာသာစကားတစ်ခုဖြစ်သည်။

Kanji(漢字)များသည် ရေးသားကျက်မှတ်ဖို့အတွက် အခက်အခဲဆုံးဖြစ်သည်ကို လေ့လာသူအများစု လက်ခံကြသည်။ သို့သော်လည်း Kanji များကို ပိုမို တွင်ကျယ်စွာ အသုံးပြုကြ ခြင်းမှာ . . .

(၁)လွယ်ကူစွာဖတ်နိုင်ခြင်း

-Kanji စာလုံးတွေဟာများပြားလွန်းသဖြင့် လေ့လာမှတ်သားရန်ခက်ခဲသော်လည်း ထိုစာလုံးများကို အသုံးပြု၍ရေးသားထားသော စာကြောင်းတစ်ကြာင်းကိုဖတ်လျှင်မူ ပုံမှန် Hiragana(平仮名)စာလုံးများ အသုံးပြုထားသည့် စာကြောင်းများကိုဖတ်ခြင်းထက် ပိုမို လွယ်ကူနေမည်ဖြစ်ပါသည်။

-အကယ်၍ Hiragana စာလုံးများကိုသာအသုံးပြုပြီး စာကြောင်းတစ်ကြောင်းတည်ဆောက်မည်ဆိုပါက အင်္ဂလိပ်စာကြောင်းတစ်ကြောင်းကို Space မခြားပဲ ရေးထားသကဲ့သို့ ဖတ်ရန် ခက်ခဲနေလိမ့်မည်။

(၂)စာလုံးရဲ့ ဆွဲချက်ပုံစံကြောင့် ဆိုလိုရင်းကို ပိုမိုနားလည်နိုင်ခြင်း

-Englishကဲ့သို့ ဂျပန်စာလုံးများသည်လည်း အသံထွက်တူသည့် စာလုံးများ များပြားသဖြင့် Hiragana ကိုသာ သီးသန့်အသုံးပြုမည်ဆိုပါက တစ်ခါတစ်ရံတွင်တစ်ဖက်လူဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်မှု လွဲခြင်းမျိုးကြုံရတတ်သည်။

-Kanjiများကို ကျွမ်းကျင်စွာ ဖတ်နိုင်သည်နှင့်တပြိုင်နက် ဆိုလိုရင်းကိုပါ ပိုမို နားလည်နိုင်လာမည်ဖြစ်သည်။

☎️ 09-442909042

#japan

#eJLS

#japanese