M&E Engineerတွေအတွက်Ductအမျိုးအစားတွေကိုဂျပန်လိုလေ့လာမှတ်သားကြည့်ရအောင်....

(1)ダクト(だくと、da-ku-to)-Duct
Air Condition, Ventilation Systemတွေမှာအသုံးပြုတဲ့လေသယ်ပေးတဲ့လမ်းကြောင်းကိုダクトလို့ခေါ်ပါတယ်။

(2) 低速ダクト(ていそく だくと、tei-soku-da-ku-to)-Low Speed Duct
ダクトအတွင်းရှိWind Speed-風速(ふうそく、fuu-soku)သည်15m/sအတွင်း(သို့)Static Pressure-静圧(せいあつ、sei-atsu)သည်500Paအတွင်းရှိသောDuctကို低速ダクトလို့ခေါ်ပါတယ်။

(3) 高速ダクト(こうそく だくと、kou-soku-da-ku-to)-High Speed Duct
ダクトအတွင်းရှိWind Speed-風速(ふうそく、fuu-soku)သည်15m/sအထက်ရှိသောDuctကို高速ダクトလို့ခေါ်ပါတယ်။

(4) 角ダクト(かく だくと、kaku-da-ku-to)-Rectangular Duct
ထောင့်မှန်စတုဂံပုံRectangular Ductကို角ダクトလို့ခေါ်ပါတယ်။

(5) 丸ダクト(まる だくと、maru-da-ku-to)-Round Duct
စက်ဝိုင်းပုံRound Ductကို丸ダクトလို့ခေါ်ပါတယ်။
နောက်ထပ်スパイラルダクト(すぱいらる だくと、su-pai-ra-ru-da-ku-to)-Spiral Ductလို့လဲခေါ်ပါတယ်။

(6) 角丸ダクト(かくまる だくと、kaku-maru-da-ku-to)-Square & Round Duct
角ダクトနဲ့丸ダクトကိုဆက်တဲ့နေရာမှာJointအနေနဲ့အသုံးပြုတဲ့ダクトကို角丸ダクトလို့ခေါ်ပါတယ်။

(7) フレキシブルダクト(ふれきしぶる だくと、fu-re-ki-shi-bu-ru-da-ku-to)-Flexible Duct
Mainダクトနဲ့လေထွက်ပေါက်(သို့)စက်နဲ့ချိတ်ဆက်တဲ့နေရာမှာသုံးတဲ့လိုသလိုကွေးကောက်အကျုံ့အချဲ့ပြုလုပ်နိုင်သောFlexible Ductကိုフレキシブルダクトလို့ခေါ်ပါတယ်။

(8) エルボダクト(えるぼ、e-ru-bo)-Elbow Duct
ダクトလမ်းကြောင်းရဲ့ကွေးသွားတဲ့နေရာမှာJointအနေနဲ့အသုံးပြုတဲ့ダクトကိုエルボダクトလို့ခေါ်ပါတယ်။
エルボမှာ45°エルボနဲ့90°エルボတို့ရှိပါတယ်။

(9)レジューサーダクト(れじゅーざー だくと、re-jyuu-zaa-da-ku-to)-Reducer Duct
丸ダクト(Round Duct)တွေရဲ့sizeမတူတဲ့နေရာတွေမှာJointဆက်အနေနဲ့အသုံးပြုတဲ့ダクトကိုレジューサーダクトလို့ခေါ်ပါတယ်။

(10)ホッパーダクト(ほっぱー、ho-ppa)-Hopper Duct
角ダクト(Rectangular of Square Duct)တွေရဲ့sizeမတူတဲ့နေရာတွေမှာJointဆက်အနေနဲ့အသုံးပြုတဲ့ダクトကိုホッパーလို့ခေါ်ပါတယ်။