ဒီနေ့ဝေမျှပေးချင်တဲ့အကြောင်းအရာလေးကတော့ ဂျပန်နိုင်ငံဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ .....ဂျပန်နိုင်ငံ.....

-လူတော်တော်များများက ဂျပန်နိုင်ငံလို့ကြားလိုက်တာနဲ့ ဖူဂျီတောင်၊ Sakura၊ Tokyo Skytreeတို့ကိုအရင်ဆုံးတွေးမိကြမယ်ထင်ပါတယ်။

-အခုလို ထင်မြင်ရခြင်းမှာ ဂျပန်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အလှအပများကြောင့်သာမက ခေတ်မှီအဆောက်အဦးများနှင့် ခေတ်မှီနည်းပညာများကြောင့်ဖြစ်ပါသည်။

-ဤကဲ့သို့သောနည်းလမ်းများဖြင့် ဂျပန်နိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နေလျက်ရှိသည် . . .

-အရှေ့တောင်အာရှနိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်သည့် ဂျပန်နိုင်ငံသည် တောင်ပစိဖိတ်သမုဒ္ဒရာနှင့် ထိစပ်‌နေပါသည်။

-နိုင်ငံ၏အနောက်ပိုင်းဒေသကို ဂျပန်ပင်လယ်ဖြင့် ဝန်းရံထားသည့် ကျွန်းနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး မြောက်ဘက် ဟိုကိုင်းဒိုး(北海道)မှ တောင်ဘက် အိုကီနာဝါ(沖縄) အထိ ခရိုင်ပေါင်း (၄၇)ခရိုင် ဖြင့် ဖွဲ့စည်းထားပါသည်။

-အားလုံးသိကြတဲ့အတိုင်း မြို့ တော်မှာ တိုကျို (東京) မြို့ ဖြစ်ပြီး တစ်နိုင်ငံလုံးကို ‌ဒေသ (၈)ခု ဖြင့်ခွဲခြားထားပါသည်။

-ကမ္ဘာ့ထိပ်တန်း သစ်တောအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် နိုင်ငံမြေ၏ ၇၀ ရာခိုင်နှုန်းအထိ သစ်တောများဖြင့် ဖုံးလွှမ်းထားသည်မှာ အံသြစရာကောင်းလှသည်။

-Fujiတောင်၏အမြင့်သည် ၃၇၇မီတာရှိပြီးတော့ ဂျပန်နိုင်ငံ၏ အမြင့်ဆုံးတောင်လည်းဖြစ်ပါသည်။

-Shun Ka Shuu Tou (春夏秋冬) ဆိုသည်မှာ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း စသည့် ဂျပန်နိုင်ငံ၏ရာသီ(၄)မျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။

-လူကြိုက်များသည့် Sakuraပန်းလှလှလေးများသည် နွေရာသီ‌တွင်ပွင့်လေ့ရှိပါသည်။

-နှင်းကျတာလေးကိုမှ ခံစားချင်ပါတယ်ဆိုသူများအတွက်တော့ ဟိုကိုင်းဒိုး (北海道)ဘက်ကို သွားရောက်လည်ပတ်သင့်ပါသည်။

-၂၀၂၁ ခုနှစ် စစ်တမ်းများအရ ဂျပန်နိုင်ငံ၏လူဦးရေမှာ ၁၂၅ သန်း‌ကျော်ရှိသည်ဟုသိရပြီး အသက်အရွယ်အပိုင်းအခြားအရ ဂျပန်နိုင်ငံသည် အသက်ငယ်ရွယ်သူထက် သက်ကြီးရွယ်အို အရေအတွက်ပိုများသောနိုင်ငံဖြစ်ပါသည်။

-ပျမ်းမျှသက်တမ်းမှာ ၈၄နှစ်ဖြစ်ပြီး အမျိုးသားများက ၈၁ နှစ်၊ အမျိုးသမီးများက ၈၇ နှစ် တို့ ဖြစ်ကြပါသည်...

☎️ 09-442909042

#japan

#eJLS

#japanese