------ "敬老の日(Respect for the Aged Day)" ------

- ဂျပန်နိုင်ငံတွင် အသက်(၆၅)နှစ်မှစတင်ပြီး သက်ကြီးရွယ်အိုဟုသတ်မှတ်ကြပါသည်။

- စက်တင်ဘာလ ၁၅ရက်နေ့ ၁၉၄၇ ခုနှစ်ကစတင်ပြီး (お年寄りの日) သက်ကြီးရွယ်အိုများနေ့ဆိုပြီး စတင်သတ်မှတ်ခဲ့ပြီး

၁၉၆၆ ခုနှစ်တွင် (敬老の日)"အိုမင်းလာသူများကို ကြည်ညိုလေးစားသောနေ့" (သို့) "အဘိုးအဘွားများကို ဂုဏ်ပြုသောနေ့"ဟု ပြောင်းလဲခေါ်ဆိုကာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါသည်။

-၂၀၀၃ခုနှစ်တွင်မူ Happy Monday System (ハッピーマンデー制度)နှင့်စပ်လျဉ်း၍ စက်တင်ဘာလ တတိယမြောက်အပတ်၏တနင်္လာနေ့တိုင်းတွင် ပြောင်းလဲကျင်းပခဲ့ပါသည်။

- ထိုနေ့တွင် ဂျပန်လူမျိုးများသည် အိမ်ပြန်‌လည်လေ့ရှိပြီး သက်ကြီးရွယ်အိုအဘိုးအဘွားများကို ကန်တော့ခြင်း၊ အနီးအနားရှိ သက်ကြီးရွယ်အိုများရှိရာအိမ်များသို့ နေ့လည်စာ ထမင်းဘူးများ အခမဲ့ပေးဝေခြင်းများ၊ အတူတကွ စျေးဝယ်ထွက်ခြင်းများ ပြုလုပ်ပေးလေ့ရှိပါသည်။ . . .

☎️ 09-442909042

#japan

#eJLS

#japanese