"နားလည်တယ်"ဆိုတာကို ဂျပန်လိုသေချာနားလည်ပြီး ဘယ်ခန်းဂျီးကို ရွေးပြီးသုံးသင့်လည်းဆိုတာ နားလည်ကြပြီလား ?????

「分かる」ဆိုတာကတော့ကျွန်ုပ်တို့ရဲ့ဦးနှောက်မှာမရေရာမသေချာဖြစ်နေတဲ့အကြောင်းအရာများကို ရှင်းရှင်းလင်းလင်းနဲ့

သေသေချာချာနားလည်သဘောပေါက်သွားတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်.တစ်နည်းအားဖြင့်တစ်ဖက်လူရဲ့ပြောစကားကို

နားလည်ခြင်း၊ စိတ်ခံစားချက်ကိုနားလည်နိုင်ခြင်း စသည့်အခြေအနေများတွင်အသုံးပြုလေ့ရှိသည်။

သို့ပေမဲ့လည်း အခြေအနေကိစ္စရပ်တော်တော်များများတွင် ဤခန်းဂျီး(分かる)ကို အသုံးပြုခြင်းသည် မှန်ကန်သည်ဟုသတ်မှတ်ထားသည်။

「解る」ဆိုတာကတော့အရာ၀တ္ထုတွေရဲ့အဓိပ္ပါယ်နဲ့တန်ဖိုးကိုနားလည်တဲ့အခါအသုံးများတဲ့言葉ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်နားလည်

လွယ်အောင်ရှင်းပြတာ,ဆိုလိုရင်းအဓိပ္ပါယ်ကိုနားလည်တာ,ပြဿနာရဲ့အကြောင်းအရင်းကိုနားလည်တာစသဖြင့်

အသုံးပြုကြပါသည်။

「判る」ဆိုတာကတော့အလွယ်တကူခွဲခြား၍မရသောအရာကိုရှင်းရှင်းလင်းလင်းပိုင်းခြားသိနိုင်တဲ့အခါ၊ သူတစ်ပါး ဝေဖန်ခြင်းကိုခံစရာမလိုအောင်ကိုသက်သေပြနိုင်သလို နားလည်သွားသည့်အချိန်မျိုးတွင်

အသုံးပြုတဲ့言葉ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်လူတစ်ဦးရဲ့DNAကိုခွဲခြားသောအခါမျိုးတွင်လည်းဤခန်းဂျီးကိုအသုံးပြုကြပါသည်။

☎️ 09-442909042

#japan

#eJLS

#japanese