ဂျပန်ဘာသာစကားမှာ オノマトペ အမျိုးအစား အများကြီးရှိပေမယ့် အဓိကအားဖြင့်(2)မျိုးရှိပါတယ်။

ပထမတစ်ခုကတော့ 擬音語(Giongo) ဖြစ်ပြီး အမှန်တကယ်အသံထွက်သည့်စကားလုံးဖြစ်ပါတယ်။ ဥပမာ တိရစ္ဆာန်လေးတွေရဲ့အသံ 犬(いぬ)အသံဆိုရင် ワンワン ဖြစ်ပြီး 猫(ねこ)အသံဆိုရင်တော့ ニャ一ニャ一ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ 擬態語(Gitaigo) ဖြစ်ပါတယ်

擬態語(Gitaigo) ကအသံတစ်ခုကဲ့သို(အသံမထွက်သော်လည်း)လက်ရှိအခြေအနေကို ကိုယ်စားပြုဖော်ပြပေးတဲ့အသံပဲဖြစ်ပါတယ်။ ဥပမာ ワクワクするဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်။ မနက်ဖြန်အရေးကြီးတဲ့ eventတစ်ခုရှိလို ပျော်ရွှင်စိတ်လှုပ်ရှားနေတဲ့အခြေအနေကို ဖော်ပြတဲ့စကားလုံးပဲဖြစ်ပါတယ်။ မိနစံတို့လည်း တခြားオノマトペနဲ့ ပတ်သတ်တဲ့စကားလေးတွေသိရင်လည်းcommentမှာမျှဝေပေးပါအုံးနော် . . .

☎️ 09-442909042

#japan

#eJLS

#japanese