Sapporo Snow Festival

Sapporo Snow Festival(さっぽろ雪まつり)သည် ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ ဟို့ကိုင်းဒိုးကျွန်း၏ မြို့တော် Sapporo တွင် နှစ်စဉ်ကျင်းပလေ့ရှိသော နှင်းပွဲတော်တစ်ခုဖြစ်ပါသည်။

1950 ခုနှစ်တွင် စတင်ခဲ့သော Sapporo နှင်းပွဲတော်သည် ဖေဖော်ဝါရီလ အစတွင်ကျင်းပလေ့ရှိပြီး ဟော့ကိုင်းဒိုးကျွန်း၏အကြီးမားဆုံး ဆောင်းရာသီပွဲတော်တစ်ခုလည်းဖြစ်ပါသည်။

နှင်းပွဲတော်သည် ဖေဖော်ဝါရီလတွင် ခုနစ်ရက်ကြာ ကျင်းပလေ့ရှိပြီး လာရောက်လည်ပတ်သူ အများအပြားသည် နှင်းပန်းပုရုပ်ထုပေါင်း နှစ်ရာကျော်ကို ကြည့်ရှုရန် လာရောက်လည်ပတ်ကြပါသည်။

Sapporo Snow Festivalသည် နှစ်စဉ်လာရောက်လည်ပတ်သူ 2 သန်းကျော်ကိုလည်း ဆွဲဆောင်လျက်ရှိပါသည်။

မတူညီသောအချက်အလက်အများအပြားတွေ့ရသော်လည်း Odori ပန်းခြံတစ်လျှောက်ရှိ

ဧရာမနှင်းထု၊ရုပ်ထုများနှင့် အဆောက်အအုံများသည် ပွဲတော်၏အထင်ကရဖြစ်ကာ ကမ္ဘာတစ်ဝှမ်းမှလာရောက်လည်ပတ်သူတိုင်းကို အံ့အားသင့်စေပါသည်။

မြင့်မားသောနှင်းရုပ်ထုတစ်ရုပ်ပြုလုပ်ရန် နှင်းပမာဏ ထရပ်ကားအစီး ၅၀၀စာ(ထုထည်အားဖြင့် ၅ တန်)လိုအပ်ပြီး ပြင်ဆင်ချိန်မှ ပြီးစီးရန် ၄ လကျော်ကြာမြင့်ပါသည်။

ထို့ပြင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မတော်လည်း အဆိုပါနှင်းထုကြီးဖန်တီးရာတွင် ပါဝင်ပတ်သက်နေကြောင်း သိရှိရပါသည်။

ထို့ပြင် ဟို့ကိုင်းဒိုး၏ နာမည်ကြီး အစားအစာများဖြစ်သည့်

ramen ခေါက်ဆွဲ၊ ဟင်းချိုဟင်း၊ ပြောင်းဖူးစသည်ဖြင့် ဝန်ဆောင်မှုပေးသည့် အစားအသောက် အများအပြားလည်းရှိပါသည်။

☎️ 09-442909042

#japan

#eJLS

#japanese