❄️Christmas in Japan❄️

Christmasပွဲတော် ကို ဂျပန်နိုင်ငံတွင် လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်မှစတင်၍ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပလာခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်များ အများအပြားမရှိတာကြောင့် ဘာသာရေးဆိုင်ရာ အားလပ်ရက် သို့မဟုတ် အခမ်းအနားတစ်ခုအဖြစ် မသတ်မှတ်ကြသော်လည်း

ယနေ့ခေတ်တွင် အမေရိကန်နိုင်ငံမှ ဆင်းသက်ရောက်ရှိလာတဲ့ ခရစ္စမတ်ကတ်များ၊လက်ဆောင်များ ပေးပို့ခြင်းနှင့်လက်ခံခြင်းများစတဲ့ ဓလေ့အစဥ်အလာအများအပြားမှာ ခေတ်စားလာခဲ့ပါတယ်။

ဂျပန်နိုင်ငံတွင် ခရစ္စမတ်ပွဲတော်ကို ဘာသာရေးပွဲတစ်ခုဆိုတာထက် ပျော်ပွဲရွှင်ပွဲအချိန်အခါတစ်ခုအဖြစ် ပိုပြီးလူသိများကြပါတယ်။ ဂျပန်နိုင်ငံမှာ ခရစ္စမတ်အကြိုနေ့ကို ခရစ္စမတ်နေ့ထက်ပင် ပိုပြီးကျင်းပလေ့ရှိပြီး

ချစ်သူစုံတွဲများ အတူတူ ဖြတ်သန်းကြကာ အချင်းချင်းလက်ဆောင် အပေးအယူလဲလှယ်တာမျိုးလည်း လုပ်လေ့ရှိကြပါတယ်။ (လက်ဆောင်မပေးရင်တော့ အကြောင်းသိကြပေါ့ :333)

အနောက်တိုင်းနိုင်ငံများဖြစ်တဲ့ UK နှင့် USA တို့ရဲ့ Valentine's Day အခမ်းအနားများနှင့်လည်းဆင်တူပါတယ်။

ငယ်ရွယ်တဲ့ ချစ်သူစုံတွဲလေးတွေဟာ ခရစ္စမတ်မီးရောင်စုံများကြည့်ရှုရန် လမ်းလျှောက်ထွက်ကာ စားသောက်ဆိုင်များတွင် Romantic ဆန်ဆန်လေး Date လုပ်ကြတာများတာကြောင့်

ခရစ္စမတ်အကြိုနေ့တွင် စားသောက်ဆိုင်များကို yoyaku (予約)လုပ်ရခြင်းသည် ပုံမှန်အချိန်ထက်ပိုပြီး ခက်ခဲလေ့ရှိပါတယ်။

ဂျပန်တွေရဲ့ ခရစ္စမတ်အစားအစာမှာ ခရစ္စမတ်ကိတ်မုန့်ဖြစ်ပြီး Cream အများအပြားပါဝင်သည့် rich cake မျိုးမဟုတ်သော်လည်း များသောအားဖြင့်

စတော်ဘယ်ရီနှင့် whipped cream တို့ဖြင့် အလှဆင်ထားသော sponge cake တစ်မျိုးဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့ခေတ်ဖုန်းတွေကွန်ပျူတာတွေမှာအသုံးပြုလေ့ရှိတဲ့ Keyboard များမှ 'shortcake' emoji [🍰] ဟာ ဂျပန်ခရစ္စမတ်ကိတ်မုန့်တစ်လုံးပုံပဲဖြစ်ပါတယ်။

ခရစ္စမတ်နေ့က ဂျပန်နိုင်ငံမှာ National Holiday ( နိုင်ငံတော်အားလပ်ရက်)တစ်ရက်မဟုတ်ပေမဲ့လည်း နှစ်သစ်ကူးကျောင်းပိတ်ချိန်နှင့်နီးတာကြောင့် ခရစ္စမတ်နေ့တွင် ကျောင်းများမကြာခဏပိတ်လေ့ရှိပါသည်။

သို့သော်လည်း လုပ်ငန်းအများစုမှာတော့ Dec 25 ရက်နေ့ကို ပုံမှန်အလုပ်နေ့အဖြစ်သာ သဘောထားကြပါသည်။

ဂျပန်နိုင်ငံရှိ ခရစ္စမတ်ပွဲတော်တွင် အစည်ကားဆုံးနေရာတစ်ခုကတော့ တိုကျိုတွင်တည်ရှိသော Tokyo Disneyland ( 東京ディズニーランド)ဖြစ်ပါတယ်။

Tokyo Disneyland တွင် ခရစ္စမတ်ပွဲတော်ကို နိုဝင်ဘာ ၂ ရက်နေ့မှ Dec 25ရက် (ခရစ္စမတ်) နေ့အထိကျင်းပလေ့ရှိကြပါတယ်။ ခရစ်စမတ်ကာလတွင် ဂျပန်လူမျိုးများသည် メリークリスマス(Merry Christmas)ဟူ၍ နှုတ်ဆက်ဆုတောင်းပေးလေ့ရှိကြပါတယ်။

❄️🎄Merry Christmas to you all🎄❄️

☎️ 09-442909042

#japan

#eJLS

#japanese

#crd_to_orgvideo