***⛩Miyajima (宮島)⛩***

Miyajima (宮島) သည် ဟီရိုရှီးမားမြို့ရဲ့အပြင်ဘက်မှာရှိပြီးတစ်နာရီတောင်မကြာပဲ သွားရောက်လည်ပတ်နိုင်သော ကျွန်းငယ်လေးတစ်ကျွန်းဖြစ်ပါသည်။

ကျွန်းရဲ့ဒီရေတက်ချိန်တွင် ရေပေါ်မှာ မျောနေပုံရတဲ့ Floating Torii Gate ကြောင့်လည်း အလည်အပတ်လာသူများနှင့်ပြည့်နှက်နေလျက်ရှိသည်။

ထိုမြင်ကွင်းသည် ဂျပန်နိုင်ငံ၏ အကောင်းဆုံးရှုခင်း သုံးခုထဲမှ တစ်ခုအဖြစ်လည်းအဆင့်သတ်မှတ်ခြင်းခံထားရပါသေးသည်။

Itsukushima Shrine(厳島神社)ဟုတရားဝင်အမည်ပေးထားသော်လည်း ကျွန်းကို "နတ်ကွန်းကျွန်း" အတွက် ဂျပန်ဘာသာဖြင့် Miyajima ဟူ၍လည်း ပိုအသုံးများပါသည်။

鳥居ဂိတ်တွေလိုပဲ နတ်ကွန်း၏ အဓိကအဆောက်အအုံများကိုလည်း ရေပေါ်တွင် တည်ဆောက်ထားပါသည်။

Miyajima (宮島) သည် ရိုမန်တစ်ဆန်သောနေရာတစ်ခုလည်းဖြစ်ပါသည်။ များသောအားဖြင့် နေ့စဥ်ခရီးသွားများ များပြားသော်လည်း ညနေပိုင်းတွင် ကျွန်းဧရိယာသည်

ပိုမိုတိတ်ဆိတ်ပြီး ပိုမိုအေးချမ်းလာပါသည်။

ကျွန်းပေါ်တွင် ခရီးသွားများနှင့်ပြည့်နှက်နေသည့်အပြင် သမင်လေးများလည်းရှိပါသည်။ နေ့အခါ၌ သမင်လေးများသည် ခရီးသွားများနှင့်အတူ ကျွန်းပေါ်သို့လှည့်လည်သွားလာနေတတ်ပြီး ညအချိန်၌ လူလျှောက်လမ်းများ၌ပင် အိပ်စက်လေ့ရှိပါသည်။ . . .

☎️ 09-442909042

#japan

#eJLS

#Engineering_Training

#japanese