Site daily routine terms

(1)ラジオ体操(らじお たいそう、ra-ji-o-tai-sou)-Radio gymnastics

ဆောက်လုပ်ရေးဆိုဒ်များထဲတွင်လုပ်ငန်းမစမှီအရင်ဆုံးလူတိုင်းပြုလုပ်ရတာတော့ラジオ体操ပဲဖြစ်ပါတယ်။

ဒီラジオ体操လို့ခေါ်တဲ့morning exercises ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့တစ်နေ့တာလုပ်ငန်းဆောင်တာများစတင်ကြပါတယ်။

(2) 朝礼(ちょうれい、chou-re-i)-Morning assembly

ラジオ体操လုပ်ပီးတာနဲ့တစ်နေ့တာလုပ်ငန်းProcessတွေ၊Scheduleတွေ၊危険ရှိတဲ့နေရာတွေနဲ့ပတ်သက်ပီး朝礼Assemblyလုပ်ရပါတယ်။

(3)安全確認(あんぜん かくにん、an-zen-kaku-nin)-Security Verification

朝礼လုပ်ပီးတာနဲ့အလုပ်စမလုပ်ခင်Safety Checkလုပ်ပါတယ်။Halmetပါမပါ၊Safety Beltပါမပါ၊လက်အိတ်သုံးမသုံးစသည်ဖြင့်စစ်ဆေးလေ့ရှိပါတယ်။

(4) 現場巡回(げんばじゅんかい、gen-ba-jyun-kai)-Site patrol

ဆိုဒ်အင်ဂျင်နီယာတစ်ယောက်အနေနှင့်ဆိုဒ်ကိုလှည့်ပတ်ကြည့်ရှုစစ်ဆေးတဲ့အခါမှာမနက်တစ်ကြိမ်ညနေတစ်ကြိမ်စစ်ဆေးရပါတယ်။စစ်ဆေးတဲ့အခါမှာအလုပ်ပီးစီးမှုအခြေအနေ၊အလုပ်ခွင်လိုအပ်ချက်၊အလုပ်သမားတွေရဲ့Safetyစတာတွေကိုလုပ်ဆောင်ရတဲ့အပြင်၊အလုပ်ပီးစီးမှုအခြေအနေအတွက်ဓာတ်ပုံရိုက်ခြင်းများလဲပြုလုပ်ရပါတယ်။

(5)事務作業(じむさぎょう、ji-mu-sa-gyou)-Office Work

Siteစစ်ဆေးပီးတဲ့နောက်မှာတော့Site Officeမှာ事務作業လုပ်ရပါတယ်။事務作業ဆိုတာကတော့Drawingပြင်ခြင်း၊Labourများအတွက်Drawingထုတ်ပေးခြင်း၊စာရွက်စာတမ်းများနှင့်နောက်ရက်အတွက်ကြိုတင်ပြင်ဆင်ခြင်း၊ရိုက်ထားသောဓာတ်ပုံပြင်ဆင်ခြင်းများလုပ်ရပါတယ်။

(6) 打ち合わせ(うちあわせ、u-chi-a-wa-se)-Meeting

Meetingလုပ်တဲ့နေရာမှာမိမိCompanyအတွင်းအပြင်မှအင်ဂျင်နီယာများနဲ့မိမိတို့Scheduleရှင်းပြချင်း၊အလုပ်ချိန်အတွင်းသတိထားရမယ့်အချက်များရှင်းပြခြင်း၊အခြားCompanyမှပြောကြားချက်များနားထောင်ပီး၊မိမိဝန်ထမ်း

များအားပြန်လည်မျှဝေခြင်းများပြုလုပ်ရပါတယ်။

(7)新規教育(しんき きょういく、shin-ki-kyou-i-ku)-Fresher Education

新規教育ဆိုတာကတော့မိမိဆိုဒ်ကိုအသစ်လာရောက်လုပ်ကိုင်သောသူ၊လာလေ့လာသောသူများကိုဆိုဒ်နှင့်ပတ်သက်ပီးအချက်အလက်များ၊ဆိုဒ်အတွင်းသတိထားရမည့်အချက်များ၊နေရာများကိုရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်။

(8) 休憩時間(きゅうけい じかん、kyuu-kei-ji-kan)- Break Time

ပုံမှန်အားဖြင့် Break Timeကိုမနက်၁၀နာရီဝန်းကျင်တစ်ကြိမ်နဲ့နေ့လည်၃ရီဝန်းကျင်တစ်ကြိမ်ယူလေ့ရှိပီး၊အဲ့အချိန်မှာအလုပ်သမား

တွေနဲ့communicationလုပ်တာရင်းနှီးအောင်လုပ်တာ၊အဆင်မပြေတာတွေမေးမြန်းတာလုပ်ပါတယ်။

(9) 現場作業完了(げんばさぎょう かんりょう、gen-ba-sa-gyou-kan-ryou)- Site Work Complete

ဆိုဒ်အလုပ်တွေပီးတဲ့အခါမှာတော့မိမိတို့အလုပ်သမားဆိုဒ်ထဲကျန်မကျန်စစ်ခြင်း၊Check Listများသိမ်းဆည်းခြ့င်း၊လုပ်ငန်းခွင်သန့်ရှင်းမရှင်းစစ်ခြင်း၊မိမိတို့နောက်ဆုံးကျန်ပါကတံခါး၊မီးပိတ်ခြင်းများပြုလုပ်ရပါတယ်။

(10) 社内打ち合わせ(しゃない うちあわせ、sha-nai-uchi-a-wa-se)-Company Meeting

မိမိတို့Companyအတွင်းမှဝန်ထမ်းများနှင့်တစ်နေ့တာအလုပ်ပီးစီးမှုအခြေအနေ၊နောက်နေ့အတွက်လုပ်ဆောင်ရမည့်အလုပ်များနဲ့ပတ်သက်ပီးအစည်းဝေးထိုင်ရပါတယ်။