Sumo နပန်းအကြောင်း

Sumo(相撲)သည် ဂျပန်နိုင်ငံ၏ရိုးရာနပန်းပွဲဖြစ်ပြီး အမျိုးသားအားကစားနည်းတစ်မျိုးလည်း ဖြစ်သည်။ ဂျပန်နိုင်ငံသည် ဆူမိုနပန်းအားကစားကို ဝန်းရံနေသော အငြင်းပွားဖွယ်ရာများကြားမှ ယနေ့တိုင် ပရော်ဖက်ရှင်နယ် လေ့ကျင့်နိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

ဆူမိုနပန်းသမားများသည် အများအားဖြင့် လေ့ကျင့်ရေးစခန်းများတွင် နေထိုင်ရန် လိုအပ်ပြီး ၎င်းတို၏ ဘဝနေထိုင်ပုံအများစုကို ထုံးတမ်းစဉ်လာစည်းကမ်းများအရ ညွှန်ကြားထားသည်။ ၎င်းတွင် နပန်းသမားများ၏အစားအသောက်များမှအစ လူမြင်ကွင်းတွင် ဝတ်ဆင်ရမည့်အရာများလည်း ပါဝင်သည်။

အကယ်၍ သင်လည်း ဂျပန်သို သွားဖြစ်ပါက ဆူမိုပြိုင်ပွဲကို သေချာပေါက်‌‌လေ့လာကြည့်ရှုဖို ကြိုးစားကြည့်လိုက်ပါ။ ဂျပန်နိုင်ငံတွင်းသာမက ကမ္ဘာတဝှမ်းတွင်လည်း လူကြိုက်များသည့် အားကစားတစ်မျိုးဖြစ်တာကြောင့် တိုက်ရိုက်ထုတ်လွှင့်တာမျိုးမှတဆင့်ကြည့်ရှခြင်းထက် လက်တွေ့ ပြင်ပမှာ အားပေးကြည့်ရှုရခြင်းသည် ပိုမိုကျေနပ်အားရစေမှာဖြစ်ပါတယ်။