Japan နိုင်ငံ၏ Manga နှင့် Anime အကြောင်း

ဂျပန်နိုင်ငံသည် Manga, Anime စသည့် ရုပ်ပြ၊ကာတွန်းတို့နှင့် ပတ်သက်ပြီး အလွန်ကျော်ကြားသည်။ ကမ္ဘာတဝှမ်းတွင် entertainment တစ်ခုအနေနှင့် ကျော်ကြားရုံသာမက ၄င်းတို့နှင့်ပတ်သက်ပြီး အမှတ်တရပစ္စည်းအမျိုးမျိုးကိုလည်းဝယ်ယူရရှိနိုင်ပါသည်။

Comic များနှင့် Graphic Novel များဖြစ်တဲ့ Manga များသည် ဂျပန်နိုင်ငံမှစတင်ပေါ်ပေါက်လာတာဖြစ်ပြီး ကမ္ဘာတဝှမ်း တွင် အောင်မြင်ကျော်ကြားလျက်ရှိနေဆဲဖြစ်ပါသည်။

၄င်းတို့တွင် အမျိုးအစားများ ကျယ်ပြန့်စွာ ခွဲခြားထားပြီး အခြားဘာသာစကားများသို့ ဘာသာပြန်ဆိုထားသည်များမှာလည်း အမြောက်အမြားပင်ဖြစ်သည်။

Mangaများသည် 19 ရာစု ဂျပန်လူနေမှု ပုံစံနှင့် လိုက်လျော ညီထွေစွာ ဖန်တီးထားခြင်းဖြစ်သည်။

ထို့အပြင် Manga များသည် ဂျပန်နိုင်ငံတွင်း ‌ဒေါ်လာဘီလီယံပေါင်းများစွာတန်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အမေရိကန်၊ ကနေဒါ နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင်လည်း ‌ဒေါ်လာသန်းချီ တန်ကြေးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

တဖက်တွင်မူ Anime သည်လည်း ဂျပန်နိုင်ငံမှစတင်ပေါ်‌ပေါက်ခဲ့တဲ့ လက်ရေးanimationsများဖြစ်ကြသည်။

Anime ဟူသည့် စကားလုံးသည် animation ဟု အဓိပ္ပါယ်ရပြီး animated media မှန်သမျှကို anime ဟု သတ်မှတ်နိုင်သည်။

၄င်းတို့သည် အပြင်လောကနှင့် အနီးစပ်ဆုံးလက်တွေ့ကျသည့်လှုပ်ရှားမှုများ ပါဝင်ပြီး ဇာတ်လမ်းကို Cinematography ပိုင်းများ၊ ဇာတ်ကောင်ပုံစံများဖြင့် အသက်ဝင်လာစေသည်။