ဂျပန်နိုင်ငံ၏ Tatami Room အကြောင်း

🔴ဂျပန်နိုင်ငံဟာ washitsu(和室)ဟုခေါ်သည့် ဂျပန်စတိုင် အခန်းလေးများနှင့်ပတ်သက်၍ နာမည်ကြီးပြီး ထိုအခန်းလေးများကို Tatami Room ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။

🍀Tatami ဆိုသည်မှာ မြက်ပင်ကဲ့သိုသော အပင်များနှင့် လျှော်တိုဖြင့်ပြုလုပ်ထားသည့် ဖျာအမျိုးအစား တစ်မျိုးဖြစ်ပါသည်။ Tatami များကို အရှေ့မှာပါရှိခဲ့သည့်အတိုင်း washitsu(和室)ဟုခေါ်သည့် ဂျပန်ရိုးရာစတိုင်အခန်းများနှင့် ဂျူဒို ၊ ကရာတေးစသည့် ကိုယ်ခံပညာရပ်များလေ့ကျင့်သင်ကြားနိုင်သည့် Training အခန်းများတွင်လည်း အသုံးပြုလေ့ရှိပါသည်။

🚪Tatami Room များတွင် များသောအားဖြင့် Sliding doors(ふすま、襖)များ ပါဝင်လေ့ရှိပြီး တခါတရံမှာ အလင်းရောင်ဖောက်ထွင်းဝင်ရောက်နိုင်သော Sliding doors(しょうじ、障子)များလည်း ပါဝင်ပါသည်။

🏯အခုလိုထူးခြားတဲ့ အခန်းအတွင်းပိုင်းအသွင်အပြင်များသည်Muromachi(室町時代) ခေတ်မှ စတင်ပေါ်ပေါက်လာခဲ့ပြီး ချမ်းသာသောမိသားစုများ၏စာကြည့်ခန်းအဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

⛩️ယနေ့ခေတ်တွင် Tatami Room များကို Reception နှင့် လူနေခန်းများအဖြစ် အသုံးပြုလေ့ရှိကြပြီး Ryokan(りょかん、旅館)ကဲ့သို ဂျပန်ရိုးရာတည်းခိုခန်းများနှင့် ဘုရားဖူးဧည့်သည်များ ညအိပ်တည်းခိုခွင့်ပြုသော ဘုရားကျောင်းများ(しゅくぼう、宿坊)၏ တည်းခိုခန်းများတွင် မြင်တွေ့ နိုင်ပါသည်။