Chopsticks(တူ)

🥢Chopsticks(တူ)🥢

箸(はし)🥢ဟု ခေါ်ဆိုသည့် တူများသည် ဂျပန်ရိုးရာအစားအစာများတွင် ချွင်းချက်အနေဖြင့် အလေးပေးပြီး အသုံးပြုခြင်းခံခဲ့ကြရသည်။

တူကို အသုံးပြုပြီး စားသောက်ရာတွင် သတိထားသင့်သည့် အရေးကြီးသောအချက်များမှာ

🥢 တူတွေရဲ့ အစွန်းနေရာမှ ကိုင်တွယ်အသုံးပြုပါ။တူချောင်းရဲ့ အလယ်တဝိုက်မှ ကိုင်တွယ်၍ အသုံးမပြုသင့်ပါ။

🥢 တူကို အသုံးမပြုနေချိန် (သို့)စားသောက်ပြီးသွားချိန်တွင် ‌ညာသန်များအတွက် ဘယ်ဘက်သို့ ၊ ဘယ်သန်များအတွက် ညာဘက်သို့ တူအချွန်ဘက်ကို ဦးတည်ပေးပြီး ချထားပေးရမည်။

🥢 တူများကို အစားအသောက်ပွဲများနှင့် အထူးသဖြင့် ထမင်းပန်းကန်များတွင် စိုက်ထောင်ထားခြင်းသည် ရိုးရာအသုဘအခမ်းအနားများတွင်သာ ပြုလုပ်သော အလေ့အကျင့်ဖြစ်သည့် အတွက် ပုံမှန်စားသောက်နေချိန်များတွင် ထိုကဲ့သို့ ပြုမူခြင်းအား ရှောင်ကျဥ်ရမည်။

🥢 မိမိတူတစ်စုံအားအသုံးပြုပြီး အခြားတူတစ်စုံ သို့ တိုက်ရိုက် အစားအစာများ လွှဲပြောင်းပေးခြင်းမပြုရပါ။ ထိုသို့ ပြုမူခြင်းသည်လည်း အသုဘအခမ်းအနားများတွင် ပြုလုပ်သည့် အပြုအမူများထဲမှ တစ်ခု ဖြစ်နေသောကြေင့် ဖြစ်ပါသည်။

🥢 အစားအသောက်များအား တူဖြင့် မညှပ်ပဲ ထိုးသွင်းပြီး မပြုလုပ်ရပါ။

🥢 တူများဖြင့် ညွှန်ပြခြင်းမပြုလုပ်ရပါ။

🥢 တူများအား အကြောင်းမဲ့ ဝှေ့ယမ်းခြင်း၊ ကစားခြင်းများ မပြုလုပ်ရပါ။

🥢 တူဖြင့် စားပွဲ ပန်းကန်လုံး၊ ပန်းကန်ပြားများအား ‌မရွှေ့ရပါ။