Japanese Ramen (日本のラーメン)

အားလုံးသိကြတဲ့အတိုင်း Ramen ဆိုတာနဲ့ ဂျပန်ခေါက်ဆွဲအမျိုးမျိုးကို မြင်ယောင်မိလေ့ရှိကြပါတယ်

တရုတ်ခေါက်ဆွဲနည်းတူ ဂျပန်ခေါက်ဆွဲမှာလည်း ဂျုံ‌ခေါက်ဆွဲများပါဝင်ပါတယ်

စွတ်ပြုတ်များနဲ့ တွဲဖက်ထားလေ့ရှိပြီး အများဆုံးပါဝင်တဲ့ အရသာများကတော့ ပဲငံပြာရည်နဲ့ miso ပဲဖြစ်ပါတယ်

Topping အနေနဲ့ ဝက်သား၊ Nori(ကျောက်ပွင့်)၊ မျှစ်၊ ကြက်သွန်နီ အစရှိသဖြင့် အမျိုးမျိုးတွေ့နိုင်မှာပါနော်

20ရာစုနှစ် အစောပိုင်းကာလမှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ ‌ဒေသအသီးသီးမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်

Tokyo မြို့ အနီးတဝိုက်မှာတော့

(1)Ramen Shima(らぁ麺や 嶋)

(2)Homemade Ramen Muginae(麦苗)

(3)Menya Ittō(麺屋ー燈)

(4)Takano Ramen(多賀野ラーメン)

(5)Ramen Feel(ラーメンフィール)

အစရှိတဲ့ ဆိုင်များအပါအဝင် တခြားနာမည်ကြီးဆိုင်များသို့ လည်ပတ်စားသောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျ