Site Safety Accessories Terms

(1)作業ヘルメット(さぎょう へるめっと、sa-gyou-he-ru-me-tto)-Work Halmet
ခေါင်းထိခိုက်ဒဏ်ရာမရစေရန်အတွက်အသုံးပြုတဲ့ Halmet ကို作業ヘルメットလို့ခေါ်ပါတယ်။Siteထဲမှာဆိုမဖြစ်မနေပါမှရမယ့်အရာပါ။

(2) 作業服(さぎょうふく、sa-gyou-fuku)-Work Uniform Clothes
ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာမရစေရန်အတွက်ဆိုဒ်ဝတ်စုံကိုအပေါ်အောက်အရှည်ဝတ်ရပါတယ်။ဆိုဒ်ဝတ်စုံကိုတော့作業服လို့ခေါ်ပါတယ်။

(3)安全帯(あんぜん たい、an-zen-tai)-Safety Belt
အမြင့်နေ‌ရာမှာအလုပ်လုပ်တဲ့အခါ၊အမြင့်တစ်နေရာတက်တဲ့အခါပြုတ်မကျစေရန်安全帯လို့ခေါ်တဲ့ Safety Beltကိုအသုံးပြုကြပါတယ်။

(4)安全靴(あんぜん ぐつ、an-zen-gu-tsu)-Safety Shoes
ခြေထောက်ထိခိုက်ဒဏ်ရာမရစေရန်အတွက်အသုံးပြုတဲ့ Safety Shoes ကို安全靴လို့ခေါ်ပါတယ်။

(5) 作業用長靴(さぎょうよう ながぐつ、sa-gyou-you-na-ga-gu-tsu)-Work Long Boots
လမ်းတံတားအင်ဂျင်နီယာတွေအသုံးများသလို၊အဆောက်အဦးပိုင်းမှာလဲPitထဲဝင်ရတဲ့အခါ၊ရေများတဲ့နေရာတွေမှာအသူံးများပါတယ်။

(6)作業用手袋(さぎょうよう てぶくろ、sa-gyou-you-te-bu-ku-ro)-Work Gloves
လက်ထိခိုက်ဒဏ်ရာမရစေရန်အတွက်အသုံးပြုတဲ့ လက်အိတ်ကို作業用手袋လို့ခေါ်ပါတယ်။ဆိုဒ်မှာတစ်ခုခုသယ်တဲ့အခါ၊အလုပ်စတဲ့အခါမှာမဖြစ်မနေလက်အိတ်ဝတ်ရပါတယ်။

(7)スケール(すけーる、su-kee-ru)-Scale
ဆိုဒ်ထဲမှာတစ်ခုခုတိုင်းတာရန်အတွက်ပေကြိုးကိုスケールလို့ခေါ်ပါတယ်။

(8) ヘッドライト(へっど らいと、he-ddo-ra-i-to)-Head Light
ဆိုဒ်ထဲမှာမှောင်တဲ့နေရာတွေမှာသုံးဖို့အတွက်လက်ကိုင်ဓာတ်မီးထက်Head Light တွေကိုပိုသုံးပါတယ်။

(9) ノートブック(のーとぶっく、noo-to-bu-kku)- Note Book
ဆိုဒ်ထဲမှာအလုပ်သမားမှလိုတာတစ်ခုခုမှာတဲ့အခါ၊လုပ်ငန်းခွင်မှာအလွယ်တစ်ကူမှတ်သားနိုင်ရန်အတွက်Noteစာအုပ်အသေးကတော့မရှိမဖြစ်လိုပါတယ်။

(10) 現場用タブレット(げんばよう たぶれっと、gen-ba-you-ta-bu-re-tto)- Tablet
နောက်ပိုင်းဆိုဒ်ထဲသွားတဲ့အခါမှာအရင်ခေတ်ကလိုDrawing စာရွက်အများကြီးမယူသွားတော့ပဲ Drawing တွေထည့်ထားတဲ့ Tabletကိုသာယူကြပါတယ်။Siteမှာစစ်ဆေးစရာရှိတာ၊Drawing မှာမှတ်သားတာ၊လိုအပ်တဲ့နေရာမှာဓာတ်ပုံရိုက်ပီးDrawingပုံမှာတစ်ခါထဲsaveနိုင်ပြန်ကြည့်နိုင်တဲ့softwareတွေသွင်းထားတဲ့Tabletတွေသုံးကြပါတယ်။