How to stop procrastinating?

"How to stop procrastinating"
အချိန်ဆွဲခြင်းကိုဘယ်လိုရပ်တန့်မလဲ

皆さん စာလုပ်ဖို့ဆိုအမြဲရွှေ့ဆိုင်းတတ်ပြီးdeadline နီးမှ ကပ်လုပ်တတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲမသိဘူးဆိုရင်ဒီနည်းလမ်းတွေကိုအရင်လိုက်လုပ်ကြည့်ပါနော်

1️⃣Study with group
တစ်ယောက်တည်းစာလုပ်ရတာကpressure ရှိမနေတဲ့အတွက်Groupနဲ့စာတူတူလုပ်တာ ဒါမှမဟုတ် အဖွဲ့လိုက်ဆွေးနွေးတာကလဲ ကိုယ့်ရဲ့လိုအပ်ချက်ကိုသိပြီးmotivation ရစေတာမို့ စာလုပ်ဖို့ရွှေ့ဆိုင်းဖြစ်မှာမဟုတ်ပါဘူး

2️⃣2minute Method
ကြည့်ရမယ့်စာတွေကများနေတယ်ဆိုရင် ၂မိနစ်စာအပိုဒ်လေးတွေခွဲပြီးကျက်တာ ဒါမှမဟုတ် လုပ်ရမယ့်အလုပ်(ဥပမာ-ပန်းကန်ဆေးတာ)က၂မိနစ် လောက်ပဲကြာမယ်ဆိုချက်ချင်းထလုပ်ကြည့်ပါ တဖြေးဖြေးနဲ့time manageလုပ်နိုင်လာမှာဖြစ်ပါတယ်

3️⃣Test your skills
အားလပ်ချိန်မှာ knowledge test နဲ့ဆိုင်တဲ့gameလေးတွေဆော့ကြည့်မယ်ဆိုကိုယ်ဘယ်လောက်လေ့လာဖို့လိုနေလဲဆိုတာသိရတဲ့အတွက် စာလေ့လာချင်စိတ်ပိုဖြစ်တာမို့ ဒီအချက်လေးကိုလဲလုပ်ကြည့်ကြနော်

4️⃣Pomodoro technique
လုပ်ရမယ့်စာတွေကများပြီးတစ်နေ့ထဲနဲ့အပြီးလုပ်ဖို့လိုတယ်ဆို ဖိအားများပြီးဘာမှလုပ်ချင်မှာမဟုတ်တာကြောင့် အရင်၂၅မိနစ်လောက်focusထားမယ် ပြီးရင်၅မိနစိနားပြီးစာပြန်လုပ်မယ်အဲ့လိုနည်းနဲ့၃ ကြိမ်လောက်repeat လုပ်ပြီးလေ့လာကြည့်ပါ
ဒီအချက်တွေကတော့ အချိန်ဆွဲတာကိူရပ်တန့်ဖို့အကောင်းဆုံးနည်းလမ်းတွေဖြစ်တာမို့ ကြိုးစားပြီးပြောင်းလဲကြည့်နော်
皆さん頑張れください🤗