ကိုဗစ်နောက်ပိုင်း ဂျပန်နိုင်ငံအကြောင်းလေးနည်းနည်းပြောပြချင်ပါတယ်။
ကိုဗစ်နောက်ပိုင်း ဂျပန်နိုင်ငံပြည်၀င်ခွင့်နှင့် ပြည်ပထွက်ခွာခွင့်တွေကို ကန့်သတ်လိုက်ပေမယ့် ဂျပန်ကုမ္ပဏီအနေနဲ့ နိုင်ငံခြားသားများကို အလုပ်ခန့်အပ်မည့်အရေအတွက်မှာ လျော့ကျသွားခြင်းမရှိ...
အောက်မှာရေးသားထားတဲ့အချက်အားလုံးက ဂျပန်ကုမ္ပဏီ (၁၂၇)ခုဖြေဆိုပေးထားပြီး ဂျပန်နိုင်ငံ AIMSOUဆိုတဲ့ကုမ္ပဏီက စစ်တမ်းကောက်ယူထားတဲ့ ရလဒ်ပဲဖြစ်ပါတယ်...
Q⑴ ဂျပန်နိုင်ငံကို နိုင်ငံခြားသားပြည်၀င်ခွင့်ကို ဖြေလျော့ပေးလိုက်လျှင် ဘယ်အချိန်ကနေစပြီး နိုင်ငံခြားသားခန့်မယ်လို့ စဥ်းစားထားပါသလဲ?
ချက်ချင်းခန့်ချင်တယ်လို့ဖြေကြားတဲ့ကုမ္ပဏီက စုစုပေါင်း (၇၁)ခု *55.6%*
နှစ်၀က်ကြာပြီးမှသာ ခန့်ချင်တယ်လို့ ဖြေကြားတဲ့ကုမ္ပဏီက (၁၉) ခု *15.3%*
၃လအတွင်း ခန့်ချင်တယ် နှင့် ၁နှစ်အတွင်းခန့်ချင်တယ်လို့ ဖြေကြားတဲ့ကုမ္ပဏီက (၁၇) ခု *13.8%*
Q⑵ တစ်နှစ်အတွင်းမှာ ဘယ်နှစ်ဦးလောက်ခန့်မယ်စဥ်းစားထားလဲ?
၅ဦးခန့် ခန့်ချင်တယ်ဆိုတဲ့ကုမ္ပဏီက ၅၈ခုရှိတယ်ဆိုတော့ ၂၉၀ ဦး *45.8%*
၅ဦး နှင့် ၁၀ဦးကြားခန့်ချင်တယ်ဆိုတဲ့ ကုမ္ပဏီက ၃၄ခုရှိတယ်ဆိုတော့ စုစုပေါင်း(၃၄၀) ဦး *26.4%*
11 ဦးကနေ ၂၀ ဦးကြားခန့်ချင်တယ်ဆိုတဲ့ ကုမ္ပဏီက ၉ခုရှိတယ်ဆိုတော့ စုစုပေါင်း(၁၈၀) ဦး *6.9%*
100 ဦးနှင့်အထက်ခန့်ချင်တယ် ဆိုတဲ့ ကုမ္ပဏီက၅ခုရှိတယ်ဆိုတော့ စုစုပေါင်း (၅၀၀) ဦး *4.2%*
စစ်တမ်းဖြေပေးတဲ့ကုမ္ပဏီ၁၂၇ခုမှာတောင်မှ နိုင်ငံခြားသားကို ခန့်ချင်တယ်ဆိုတဲ့အရေအတွက်က (၁၃၀၀) ဦးခန့်ရှိတယ်ဆိုတော့ ခုလိုအခြေအနေပေမယ့်လည်း ဂျပန်နိုင်ငံကိုသွားနိုင်မယ့် အခွင့်အရေးက ရှေ့ဆက်မှာ အများကြီးရှိနေအုံးမှာပါ...
Q⑶ နိုင်ငံခြားသားတွေကို အလုပ်ခန့်အပ်ရာမှာ အများဆုံးကြုံတွေ့ရတဲ့ အခက်အခဲက ဘာတွေလဲ?
ဂျပန်စာအားနည်းမှု၊မလုံလောက်မှု *72.2%*
Communication ပိုင်းခက်ခဲမှု *75%*
တန်ဖိုးထားမှုနှင့်လူနေမှုစတိုင်(ကတိတည်မှု၊ယဥ်ကျေးမှုဓလေ့၊အပြုအမူပိုင်း) မတူညီမှု *47.2%*
ဂျပန်ကုမ္ပဏီအများစုက နိုင်ငံခြားသားတွေကို ခန့်အပ်ရာမှာ ဘာသာစကားအခက်အခဲတွေလည်းရှိနေသေးတာမို့ အားလုံးလည်းဂျပန်စာကို ဆက်လက်လေ့လာသင်ယူကြပါ....သင်ယူနေတဲ့သူတွေအတွက်ကတော့ အမြဲတမ်းအခွင့်အရေးဆိုတာရှိနေမှာပါ....
ဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဂျပန်ဘာသာစကားကိုသေချာလေ့လာသင်ယူရုံသာမက ဂျပန်စကားပြောပိုင်းကိုလည်း များများထိတွေ့ပြောဆိုလေ့ကျင့်ပြင်ဆင်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်....
#ကိုးကား - AIMSOU
(အထက်ပါအချက်အလက်များသည်ဂျပန်နိုင်ငံအလုပ်အကိုင်မိတ်ဆက်ပေးသည့်အေဂျင်စီများကဖြေကြားပေးထားသည့် survey ရလဒ်ကိုသာရေးသားဖော်ပြထားပါတယ်)