祇園祭り(Gion Matsuri)

"ဂိအွန်းပွဲတော်နှင့်အံ့ဩဖွယ်အကြောင်းအရာများ"

ကျိုတိုမြို့ရဲ့ ဂိအွန်းပွဲတော်လို့ဆိုတာနဲ့ မသိတဲ့သူမရှိလောက် အောင် နာမည်ကြီးပြီး နှစ်စဉ်ခရီးသွားဧည့်သည်တွေနဲ့စည်းကားပြီးကြီးကျယ်တဲ့ ပွဲတော်တစ်ခုဆိုတာအားလုံးသိကြမှာပါ။
ဒီလိုမျိုးအံ့ဩဖွယ်ကောင်းတဲ့ပွဲတော်ဘယ်လိုဖြစ်လာတာလဲ ဘယ်လိုထူးခြားတဲ့အကြောင်းအရာတွေရှိလဲဆိုတာပိုသိသွားအောင် အောက်ကအကြောင်းအရာလေးတွေဆက်ဖတ်သွားကြည့်နော်

🎐ပွဲတော်ရဲ့အစ

ဇူလိုင်လတစ်လလုံးကျင်းပပြုလုပ်လေ့ရှိတဲ့အလွန်နာမည်ကြီးပြီး ရှေးအကျဆုံးဖြစ်တဲ့ဂိအွန်းပွဲတော်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း၈၆၉ခုနှစ်ကဂျပန်နိုင်ငံမှာပုလိပ်ကပ်ရောဂါဖြစ်ပွါးခဲ့စဉ် ဧကရာဇ်မင်းမြတ်ကနိုင်ငံဘေးကင်းအောင် ဘုရားသခင်ကိုပွဲပေးပြီးဆုတောင်းတဲ့အနေနဲ့ စတင်ကျင်းပစေခဲ့ပါတယ်
နှစ်စဉ်ပွဲတော်ရောက်တိုင်းဘုရားသခင်ကိုပူဇော်ဖို့စတေးတဲ့အနေနဲ့ လူငယ်ယောကျ်ားလေး တစ်ယောက်ကိုရွေးချယ်ပြီး လှည့်လည်ဖို့တန်ဆာဆင်ထားတဲ့ယာဉ်ပေါ်မှာထိုင်ရပါတယ်
သတိပြုရမှာကတော့ရွေးထားတဲ့ကလေးရဲ့ခြေထောက်ကမြေနဲ့လုံးဝထိလို့မရပါဘူး

🎐ယာဉ်ရဲ့ခမ်းနားမှုလက်ရာ

လှည့်လည်ပြသတဲ့ယာဉ်ကိုYamaနဲ့ Hokoဆိုပြီးနှစ်မျိုးခွဲထားပြီးစုစုပေါင်း၃၂စီးလှည့်လည်ပူဇော်ကြပါတယ်။ ယာဉ်ရဲ့အမြင့်မှာ၂၅မီတာခန့်မြင့်ပြီး တန်ချိန်ပေါင်း၁၂တန်အလေးချိန်ရှိပါတယ်။ ယာဉ်တစ်ခုချင်းစီမှာချည်ထည် ဆေးဆိုးပန်းရိုက်အထည်နဲ့ပန်းပုလက်ရာတွေကိုတန်ဆာဆင်ထားတာဖြစ်လို့ "‌ရွှေ့လျားအနုပညာပြတိုက်"လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။

🎐ပွဲတော်ရဲ့activitiesများ

ဂိအွန်းပွဲကျင်းပတဲ့အချိန်ဆိုကျိုတိုရဲ့နေရာတော်တော်များများမှာ ကားလမ်းတွေပိတ်ထားပြီးတော့ လမ်းပေါ်မှာ မြို့ခံရော ခရီးသွားဧည့်သည်များပါရိုးရာဝတ်စုံဖြစ်တဲ့Yukataကိုဝတ်ဆင်ကြပြီးပွဲတော်ရဲ့အစားအသောက်တွေကိုပါခံစားလို့ရတဲ့အပြင်ကံစမ်းလို့ရတဲ့အပျော်တမ်းဂိမ်းတွေဆော့လို့ရပါတယ်။ အနားမှာလဲလှည့်လှည်တဲ့ယာဉ်တွေရှိတာကြောင့်ပွဲတော်ရဲ့နာမည်ကြီးအစားအသောက်တွေစားရင်းအလှအပက်ိုခံစားလို့ရတာကလဲ ပွဲတော်ရဲ့အနှစ်သာရတစ်ခုပါ။ ဒါ့အပြင် ခရီးသွားဧည့်သည်တွေအတွက် ယာဉ်ပေါ်တက်ပြီး viewကိုခံစားလို့ရအောင်စီစဉ်ပေးထားတာမို့ လာလည်တဲ့သူတိုင်းမဖြစ်မနေလုပ်ကြည့်ဖို့ အကြံပေးထားပါသေးတယ် ။

ကဲ ဒါဆိုရင်ဂျပန်သွားမယ်လို့စိတ်ကူးထားတဲ့皆さんတို့လဲ ကျိုတိုရောက်ရင်ဂိအွန်းပွဲကိုသွားရောက်ဆင်နွှဲဖို့မမေ့ကြနဲ့နော်皆さんတို့🤩