စားသောက်ဆိုင်တွေမှာ စက်ရုပ်(သို့)AI ကိုအသုံးပြုလာကြခြင်း ကိုဗစ်ကြောင့် လုပ်ငန်းထိခိုင်မှုအများဆုံးရှိတဲ့ထဲမှာစားသောက်ဆိုင်လုပ်ငန်းတွေလည်းပါဝင်ပါတယ်...

ရောင်းအားကျဆင်းခြင်း နှင့် ဝန်ထမ်းဦးရေမလုံလောက်တဲ့ပြသနာတွေကြောင့် ဖြေရှင်းပေးနိုင်တဲ့နည်းလမ်းတစ်ခုအနေနဲ့ ဂျပန်နိုင်ငံစားသောက်ဆိုင်လုပ်ငန်းတွေမှာလည်း AI ကို အသုံးပြုလာကြတယ်...

Display မှာ ဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးပုံပေါ်နေတယ်...

『パンケーキをください』

Pan Cake ပေးပါလို့ပြောလိုက်ရင်

『ご覧の中からお選びいただけますか。』

အခုပြထားတဲ့ပုံတွေထဲက ရွေးပေးနိုင်မလားဆိုပြီးရွေးချယ်စရာကိတ်အမျိုးစားတွေကျလာမယ်

စားစရာဝယ်တာကနေ ငွေရှင်းတဲ့အထိကို touch screen ထိစရာမလို,အပြင်ကဆိုင်ဝန်ထမ်းတွေနဲ့စကားပြောစရာမလိုဘဲ ဝယ်ယူနိုင်တဲ့စက်ရုပ်တွေကို အကင်ဆိုင် ဆူရှီဆိုင် ဟော့ပေါ့ဆိုင်တို့မှာလည်းတပ်ဆင်လာတာကိုတွေ့ရတယ်...

ဂျပန်မှာ ဒီလိုစက်ရုပ်တွေကဝန်ဆောင်မှုပေးတာကို (アバター接客)Avatar servicing လို့ခေါ်ကြတယ်...

​လက်ရှိမှာလည်း start up ကုမ္ပဏီတွေက ထမင်းစားပြီးနောက် ပန်းကန်တွေကိုသိမ်းဆည်းပေးမယ့်စက်ရုပ်တွေကို တီထွင်နေကြောင်း nikkei business newsမှာရေးသားထားပါတယ်...