🎐Tanabata Festival(or)Star Festival

🎐Tanabata Festival(or)Star Festival
ဇူလိုင်လ၇ရက်နေ့ဟာTanabataပွဲတော်ရက်ဖြစ်ပါတယ်။Tanabata(七夕)ဆိုတာ၇ရက်နေ့ညနေလို့အဓိပ္ပာယ်ရပြီး "Tanabatatsume" ဆိုတဲ့အဝတ်ချုပ်တဲ့မိန်းကလေးဆိုတဲ့အခေါ်အဝေါ်ကနေဆင်းသက်လာတာပါ ဘာကြောင့်ဒီလိုခေါ်ရတာလဲပွဲတော်ဘယ်လိုကျင်းပလဲဆိုတာကိုပုံလေးတွေအောက်မှာပါရေးပေးထားတာမို့ဖတ်ကြည့်ကြနော်

🎐ကြေကွဲဖွယ်အချစ်ဇာတ်လမ်း
နဂါးငွေ့တန်းတွေနဲ့တောက်ပနေတဲ့ကောင်းကင်မှာနတ်ဘုရားTenteiရဲ့ကောင်းကင်ဘုံရှိပြီး သူ့မှာအလွန်ချောမောတဲ့Orihimeဆိုတဲ့သမီးလေးတစ်ယောက်ရှိတယ်။သူမဟာဖခင်အတွက်နေ့တိုင်းအဝတ်ချုပ်လုပ်ပေးပြီးနေထိုငိလျက်ရှိတယ်။တစ်နေ့တော့နတ်ဘုရားကသူ့သမီးအတွက်ယောကျ်ားပေးစားဖို့စဉ်းစားတဲ့အခါ ကောင်းကင်အစွန်းတဖက်မှာနေတဲ့နွားကျောင်းသားလေးHikoboshiကိုသဘောကျပြီး သူ့သမီးနဲ့ပေးတွေ့တဲ့အခါမြင်မြင်ချင်းချစ်ကြိုက်မိတာကြောင့် လက်ထပ်လိုက်ကြတယ်။ နှစ်ယောက်လုံးကအလုပ်မလုပ်နိုင်လောက်အောင်အပျော်လွန်ပြီးအချစ်လွန်နေတာကြောင့်Orihimeလေးဟာနတ်ဘုရားကိုအကျီချုပ်ပေးဖို့ပျက်ကွက်ခဲ့ပြီး အဝတ်တွေကစုတ်ပြဲလာပါတယ်။Hikoboshiကလဲနွားတွေကိုဂရုမစိုက်နိုင်တာမို့နွားတွေလဲအားနည်းပြီးသေကုန်ကြတယ်။နတ်ဘုရားဟာအလွန်စိတ်ဆိုးပြီး နှစ်ယောက်လုံးမတွေ့နိုင်အောင်Amanogawaမြစ်ရဲ့အရှေ့နဲ့အနောက်ကိုတစ်ယောက်ချင်းစီခွဲနေခိုင်းလိုက်ပါတယ်။သို့ပေမဲ့ နှစ်ယောက်လုံးကို၇လပိုင်း၇ရက်ရောက်တာနဲ့ပေးတွေ့တာကြောင့်ကျန်၃၆၄ရက်လုံးကိုအလုပ်လုပ်ရင်းတွေ့ဖိုရက်ကိုအားတင်းစောင့်စားကြရတယ်။အဲ့လိုနဲ့ဇူလိုင်၇ရက်နေ့ရောက်ရင် တွေ့ကြရပေမဲ့မိုးရွာပြီးမြစ်ရေကြီးတာနဲ့ကြုံရင် Kasasagiလို့ခေါ်တဲ့ငှက်ကြီးကနှစ်ယောက်လုံးအတွက်တံတားဖန်ဆင်းပေးပြီးတွေ့စေပါတယ်။ဘယ်လောက်တောင်အချစ်ကြီးကြတဲ့စုံတွဲလဲနော် ဒီပုံပြင်လေးကတရုတ်နိုင်ငံရဲ့ကြေကွဲစရာဒဏ္ဍာရီပုံပြင်လေးဖြစ်ပြီးTanabataပွဲရဲ့အစပဲဖြစ်ပါတယ်

🎐Tanzaku(短冊)
စက္ကူလေးတွေပေါ်မှာစာရေးပြီးဆုတောင်းရတဲ့ကတ်အရှည်လေးတွေကိုTanzakuလိုခေါ်ပြီးဆုတောင်းစာချိတ်ရတဲ့ဝါးပင်သေးသေးလေးကိုSasatakeလိုခေါ်ပါတယ်။ အဲ့လိုဆုတောင်းရင်တကယ်ပြည့်တယ်ဆိုပြီးအယုံအကြည်ရှိကြပါတယ်