Kanji Radicals ဘယ်နှခုရှိလည်း
ဂျပန်စာ Kanji တွေမှာ အခြေခံအကျဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ Radical (部首 - ぶしゅ - အက္ခရာစိတ်) ၂၁၄ ခုရှိပါတယ်။
ဒီသတ်မှတ်ချက်က တရုတ်ပြည် ကန်ဟီဧကရာဇ်လက်ထက် (၁၇၁၆ ခုနှစ်) မှာ ပြုစုခဲ့တဲ့ "Kangxi Dictionary" ရဲ့ စနစ်ကို အခြေခံထားတာဖြစ်ပြီး၊ ဂျပန် Kanji အဘိဓာန်အများစုကလည်း ဒီ ၂၁၄ ခုစနစ်ကိုပဲ ယနေ့တိုင် အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။
Radical ၂၁၄ ခုဟာ Kanji တစ်လုံးရဲ့ ဘယ်နေရာမှာ တည်ရှိနေသလဲဆိုတဲ့ အနေအထားပေါ်မူတည်ပြီး အဓိက အမျိုးအစား (၇) မျိုး ခွဲခြားထားပါတယ်။ ဒါကိုနားလည်ထားရင် Kanji တွေကိုမှတ်ရတာ ပိုမိုလွယ်ကူစေပါတယ်။
1.偏 (へん - Hen)
အနေအထား အနေနဲ့ Kanji ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိပါတယ်။ အတွေ့ရအများဆုံးအမျိုးအစားလည်းဖြစ်ပါတယ်။
ဥပမာ-
⺅ (にんべん - လူ) - 休、何、信
氵 (さんずい - ရေ) - 水、海、液
⺘ (てへん - လက်) - 持、指、探
2.旁 (つくり - Tsukuri)
အနေအထား - Kanji ရဲ့ ညာဘက်ခြမ်းမှာ ရှိပါတယ်။
ဥပမာ-
刂 (りっとう - ဓား) - 切、別、副
⻏ (おおざと - ရွာ/မြို့) - 部、都、郵
3.冠 (かんむり - Kanmuri)
အနေအထား - Kanji ရဲ့ အပေါ်ဘက်မှာ သရဖူဆောင်းထားသလိုရှိပါတယ်။
ဥပမာ-
宀 (うかんむり - အမိုး) - 家、室、安
艹 (くさかんむり - မြက်/အပင်) - 花、茶、薬
4.脚 (あし - Ashi)
အနေအထား - Kanji ရဲ့ အောက်ခြေ/ခြေထောက်နေရာမှာရှိပါတယ်။
ဥပမာ-
心 (こころ - နှလုံးသား) - 思、急、意
灬 (れんが-မီးလျှံ) - 点、熱、魚
5.垂れ (たれ - Tare)
အနေအထား - Kanji ရဲ့ အပေါ်ကနေ ဘယ်ဘက်အောက်ခြေအထိ ခြုံငုံဆွဲချထားတဲ့ ပုံစံမျိုးရှိပါတယ်။
ဥပမာ-
广 (まだれ - အိမ်အမိုး/အဆောက်အဦ) - 店、広、度
疒 (やまいだれ - ရောဂါ/ဝေဒနာ) - 病、痛、疲
6.尿 (にょう - Nyou)
အနေအထား - Kanji ရဲ့ ဘယ်ဘက်ကနေ အောက်ခြေတစ်ခုလုံးကို ပွေ့ ပိုက်ထားသလို လှည့်ပတ်သွားတဲ့ ပုံစံမျိုးရှိပါတယ်။
ဥပမာ-
⻌ (しんにょう - လမ်းလျှောက်ခြင်း) - 道、進、近
廴 (えんにょう - အရှိန်ဖြင့်သွားခြင်း) - 建、延
構え(かまえ - Kamae)
အနေအထား - Kanji တစ်ခုလုံးကို ပတ်ပတ်လည် ဝန်းရံထားတဲ့ ဘောင်ပုံစံမျိုးဖြစ်ပါတယ်။ ( အပြည့်ပတ်တာ သို့မဟုတ် ၃ ဘက်ပတ်တာမျိုး ရှိနိုင်ပါတယ်)
ဥပမာ -
囗 (くにがまえ - နယ်နိမိတ်/ဘောင်အဝိုင်း) - 国、回、四
門 (もんがまえ - တံခါး) - 間、聞、開
Radical ၂၁၄ ခုကို ဆွဲချက်အနည်းအများအလိုက် ၁ ချက် ဆွဲကနေ ၁၇ ချက် ဆွဲအထိ အမျိုးအစားတွေရှိပါတယ်။
၁ ချက်ဆွဲ Radical များ : ⼀ (いち), 丨 (ぼう), 丶 (てん) 、 丿(ののぶん)、乙(おつ)、亅(けつ)စသည်ဖြင့် ၆ ခု ရှိပါတယ်။
အများဆုံးဆွဲချက် Radical : 龠 (やく - ဂီတတူရိယာတစ်မျိုး) ဖြစ်ပြီး ၁၇ ချက် ဆွဲရပါတယ်။
ဂျပန်စာလေ့လာတဲ့အခါ ဒီ ၂၁၄ ခုလုံးကို သိနေဖို့ မလိုပါဘူး။ တကယ်တမ်း လက်တွေ့မှာအသုံးများပြီး Kanji အလုံးပေါင်းထောင်ချီကို ဖြန့်ကျက်ဖွဲ့စည်းထားတဲ့ အဓိက Radical က ၅၀ ဝန်းကျင်ပဲရှိပါတယ်။ ဒီလို Radical တွေကိုသာ သေချာသိထားရင် Kanji တွေမှတ်ရတဲ့ နေရာမှာ လွယ်ကူစေမှာဖြစ်ပါတယ်။ Page မှာလည်း Radical တွေတူတဲ့ Kanji လေးတွေကို အပတ်စဥ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့် Like & Follow လေးလုပ်ဖို့ မမေ့သွားပါနဲ့နော်
じゃ、皆さん頑張ってください
Learn anytime, anywhere with eJLS to achieve your dream in Japan.
eJLS e-learning website
