ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားကြရအောင်။

ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အပိုင်း (၅)
"တစ်ကိုယ်စာ အရေးပေါ်အိတ်အတွက် ကြိုတင်စုဆောင်း ပြင်ဆင်ထားသင့်သည့် ပစ္စည်းများ"

ဘေးအန္တရာယ်ဆိုသည်မှာ သဘာဝဘေးသာမက
❗လူ့ကြောင့်ဖြစ်သောဘေး နှင့်
❗ပဋိပက္ခများကြောင့် ဖြစ်သော ဘေးများလည်း ပါဝင်ပါသည်။
👉ပြည်သူများသည် သိသင့်သိထိုက်သည့် အချက်များကို သိရှိနားလည်ထားရမည်ဖြစ်ပြီး ပြင်ဆင်ရမည့်အရာများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သည်။
👉ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးပါသည်။

📣လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက "ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ" အား
အပိုင်းလိုက် အသိပေးထုတ်ပြန်ထားပါသည်။ လိုအပ်သူများကို ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။