Matsushita Konosuke ဆိုတာ Panasonic Company ကိုစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

GOD of Management လို့ တင်စားခေါ်ဝေါ်ခံရလောက်အောင်ကို စီမံအုပ်ချုပ်မှုပိုင်းမှာ အရမ်းတော်တဲ့သူတစ်ယောက်အဖြစ်လည်း နာမည်ကျော်ကြားပါတယ်။

သူ့ဆီကနေမှတ်သားယူစရာကောင်းတဲ့စကားတွေများစွာရှိတဲ့ထဲမှ တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

"နောင်တရလို့ပဲဖြစ်ဖြစ် မလုပ်ခဲ့ရလို့ ခံပြင်းတာပဲဖြစ်ဖြစ်အတိတ်ကို ပြင်ဆင်လို့မရနိုင်ဘူး။

ရှေ့ရေးမှာ ဘယ်လိုဖြစ်လာမှာလဲ ၊ ငါလုပ်တာဖြစ်နိုင်ပါ့မလားဆိုပြီး အခုချိန်မှာ စိုးရိမ်နေလည်းပဲ အနာဂတ်ဆိုတာ ကြိုတင်သိနိုင်တာမျိုးမဟုတ်ဘူး။အဲ့ဒါကြောင့် အခုဆိုတဲ့အချိန်လေးမှာ ဘယ်လိုကိစ္စမျိုးကိုမဆို ဇွဲရှိရှိနဲ့ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေရမှာပဲဖြစ်တယ်။" ဆိုတဲ့ အဓိပ္ပာယ်လေးပါ။

Matsushita Konosuke - Biography

Konosuke ကို 1894 ခုနှစ် Wakayama မြို့မှာ မွေးဖွားခဲ့ပြီး အသက် ၈နှစ်အရွယ်မှာ ကျောင်းထွက်ပြီး အိုဆာကာမြို့ လျှပ်စစ်ပစ္စည်းဆိုင်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။

အသက်၁၆နှစ်မှာ Osaka Densho (ယခုအမည် - Kansai Denki)ဆိုတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ရင်း ညကျောင်းတက်ပြီး လျှပ်စစ်နည်းပညာကိုသင်ယူခဲ့ပါတယ်။ အသက်၂၃ နှစ်အရွယ်မှာ အလုပ်ထွက်ပြီး အိမ်တွင်းလုပ်ငန်းအနေဖြင့် Socket ထုတ်လုပ်ရောင်း၀ယ်ခြင်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ 1927 ခုနှစ်မှာ ကုမ္ပဏီထုတ်ပစ္စည်းကုန်တံဆိပ်ကို National အမည်ဖြင့် မှတ်ပုံတင်အသုံးပြုခဲ့သည်။ 1935 ခုနှစ်မှာ Matsushita Electric Industrial Co.,Ltd.;ဆိုပြီးဖြစ်လာခဲ့ပါတယ်၊။ ဒုတိယကမ္ဘာစစ်နဲ့ကြုံတဲ့အချိန်မှာ အမိန့်အရ ကားပစ္စည်းအတွက်လိုအပ်တဲ့အစိတ်အပိုင်းများကို ပူးပေါင်းထုတ်လုပ်ပေးခဲ့တာကြောင့် စစ်ပြီးတဲ့နောက်မှာ စစ်ရေးပူးပေါင်းကူညီမှုနဲ့ လုပ်ငန်း၀န်ထမ်းအများစုမှာ အလုပ်လုပ်ကိုင်ခွင့်ပိတ်သိမ်းခံရခဲ့ပါတယ်။1947 ခုနှစ်မှာတော့ အလုပ်သမားအဖွဲ့အစည်းများ၏ ထောက်ခံမှုနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ပိတ်သိမ်းခံရတဲ့စာရင်းများမှ ဖြေလျော့ခံခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံစီးပွားရေးပြန်လည်တည်ထောင်ရေးနှင့်တည်ငြိမ်မှု တည်ဆောက်ရေးကာလမှာ ၀န်ထမ်းအလုပ်ဖြုတ်တာတွေအပြင် စက်ရုံလုပ်ငန်းချိန်လျော့ချခြင်း၊ ၀န်ထမ်းပြန်လည်နေရာချထားခြင်း၊လစာလျော့ချခြင်းတို့ကို လုပ်ဆောင်ပြီး အန္တရာယ်ကာလကို ဖြတ်ကျော်ခဲ့ရပါတယ်။အဲ့နောက်ပိုင်းမှာ TV ထုတ်လုပ်ခြင်း ၊ Recording လုပ်ငန်းတွင်လည်း ၀င်ရောက်အခြေချခဲ့တယ်။

1969 ခုနှစ်မှာ ကုမ္ပဏီနာမည်ကို Panasonics ဟုပြောင်းလဲခဲ့ပြီး 1950 to 1973 အတွင်းမှာ Matsushita's company သည် ကမ္ဘာပေါ်မှာ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရောင်းချရေးလုပ်ငန်းမှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်လာပါတယ်။1973 ခုနှစ် အသက်၈၀ အရွယ်မှာ Panasonics ကုမ္ပဏီမှ အနားယူခဲ့ပြီး 1989 ခုနှစ် အသက်၉၄ နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

Matsushita Konosuke နဲ့ပတ်သက်တဲ့ အမှတ်တရပြတိုက်ကို Panasonic ကုမ္ပဏီစတင်တည်ထောင်ခဲ့တဲ့နေရာဖြစ်တဲ့ OSAKAမြို့ Kadoma Shi မှာ ဖွင့်လှစ်ပြသထားပါတယ်။ အဲ့ပြတိုက်မှာ ပညာယူစရာ၊သင်ယူမှတ်သားသင့်တဲ့အရာများစွာရှိတာမို့ ဂျပန်ကို ရောက်ခဲ့ရင် အလည်တစ်ခေါက်လောက်သွားရောက်လည်ပတ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်ဗျ။