အားလုံးပဲ မင်္ဂလာပါ... ဒီနေ့အတွက်ကတော့ ဂျပန်နိုင်ငံက နာမည်ကြီး အသက်အငယ်ဆုံး professional “Shogi” ကစားသမား တစ်ယောက်ဖြစ်တဲ့ Hifumi Kato ရဲ့ လေးစားအတုယူဖွယ်ကောင်းတဲ့ စကားများကို လေ့လာကြည့်လိုက်က

သူ့ရဲ့တန်ဖိုးရှိတဲ့စကားတွေထဲမှ တစ်ခုကတော့...

“人間の価値を決めるのは「誠実に生きる」ということ”

“သစ္စာရှိစွာ နေထိုင်ခြင်းက လူသားတစ်ယောက်ရဲ့တန်ဖိုးဖြစ်တယ်”

လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိကြပါတယ်။

“ကိုယ်ကသူတစ်ပါးအပေါ် ရိုးသားစွာနေမယ်၊ ပေးထားတဲ့ကတိကိုတည်နိုင်အောင်ကြိုးစားမယ်၊ မိမိနဲ့ပက်သက်တဲ့အရာတွေအပေါ်သစ္စာရှိစွာနေထိုင်မယ်ဆိုရင်တော့ တန်ဖိုးရှိတဲ့လူသားတစ်ယောက်အဖြစ် အများကအားကျလေးစားကြမှာဖြစ်တယ်” ဆိုတဲ့ အဓိပ္ပာယ်ရတဲ့စကားလေးပဲဖြစ်ပါတယ်။

Hifumi kato – Biography

Kato ကို 1940 ခုနှစ်၊ January 1 မှာ kama မြို့ ၊Fukuoka ခရိုင်မှာဖွားမြင်ခဲ့ပါတယ်။ သူဟာအသက် 14 နှစ် (1954) ခုနှစ်မှာ professional “Shogi” အသက်အငယ်ဆုံး professional “Shogi” ကစားသမားတစ်ယောက်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူဟာငယ်ဘ၀တည်းက “Shogi” ကစားနည်းကိုစိတ်ပါ၀င်စားခဲ့ပြီး အသက်အကြီးဆုံး professional ကစားသမားတစ်ယောက်အဖြစ်လည်း မှတ်တမ်း၀င်ခဲ့ပါတယ်။ အသက် 62နှစ် 2017 January 20 မှာတော့ professional ဘ၀ကနေအနားယူခဲ့ပါတယ်။ သူဟာ professional “Shogi” ကစားသမားများထဲမှာ အဆင့် ၉ နေရာ အထိ အသိမှတ်ပြုခြင်း ခံထားရသူတစ်ယောက်ဖြစ်ပါတယ်။