ဇာတ်ကားကြည့်ရင်း ဂျပန်စကားလေ့လာကြမယ်...
(Eternal Us Sea Side Blue)2015
永遠のぼくらsea side blue
မြန်မာဘာသာပြန်ဆို
Credit- KentoYamazakiMyanmarFanClub
Genres:Friendship,Romance,Life,Youth,Drama
Casts:Kasumi Arimura,Masataka Koubota,Kento Yamazaki,Nana Seino,Riko Narumi,Kodai Asaka,Masahiro Higashide
Review>Matsuoka Aoi ဆိုတဲ့ကောင်မလေးဟာ
အထက်တန်းတတိယနှစ်ရောက်တဲ့တိုင်
ကျောင်းပြီးရင် ဘာတက္ကသိုလ်တက်ရမလဲဆိုတာ
မသိဘဲ ယောင်ဝါးဝါးဖြစ်နေခဲ့တယ်
သူမ မိဘတွေကတော့ သူမတို့ရဲ့မူရင်းအလုပ်ဖြစ်တဲ့
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာဘဲအလုပ်ဝင်စေချင်ခဲ့ပေမယ့်
ဝေခွဲမရဖြစ်နေချိန်အတောအတွင်းမှာ
သူမဟာ သူမရဲ့ငယ်ပေါင်းNagata Taku နဲ့အတူ
အပျော်တမ်းဓာတ်ပုံလေးတွေလိုက်ရိုက်နေခဲ့တယ်
သူမရိုက်ခဲ့တဲ့ ပင်လယ်ရဲ့နေဝင်ဆည်းဆာအလှပုံက
အဏ္ဏဝါပြခန်းတစ်ခုမှာပါလာခဲ့ပြီး
Marine Science ကျောင်းသားတချို့နဲ့
ကလေးတွေအတွက်ပင်လယ်အကြောင်း
လေ့ကျင့်ခန်းစာအုပ်လေးထုတ်ဖို့ဖြစ်လာခဲ့ပါတယ်
အဲ့ဒီမှာ သူမ အထက်တန်းဘဝတုန်းက
Crush ခဲ့ရတဲ့ Yamauchi Kota ဆိုတဲ့ လူနဲ့ပြန်တွေ့ခဲ့တယ်
သူမဟာ Kota ကြောင့်ပင်လယ်ကြီးကို ပိုချစ်တတ်ခဲ့တယ်ဆိုရင်လည်း မမှားဘူးပေါ့
တစ်နေ့ သူမနဲ့ Kota တို့ ပင်လယ်ထဲရွက်လွှင့်ကြရင်း
လေမုန်တိုင်းကြောင့် အိမ်ပြန်မရတဲ့အချိန်
သူမတို့နှစ်ယောက်လုံး ကိုယ်ဆီခံစားချက်တွေ
ထုတ်ဖော်မိကြပေမယ့်
Kota ရဲ့အရင်ရည်းစားကြောင့်အခြေအနေတွေပျက်ပြားကုန်ပြီး
သူမတို့အတူပူးပေါင်းလုပ်ဖြစ်မယ့်
လေ့ကျင့်ခန်းစာအုပ်ထုတ်ဖို့ဟာ ရပ်တန့်စေခဲ့တယ်
သူမဟာ သူမရဲ့ခံစားချက်ကို ဦးစားပေးပြီး
သူမချစ်တဲ့ ပင်လယ်နဲ့နီးစပ်မယ့်အဏ္ဏဝါတက္ကသိုလ်ကိုဘဲ
ဆက်တက်မလား? အားလုံးကိုမေ့ပစ်ပြီး မိဘလုပ်ငန်းမှာဘဲ
အလုပ်ဝင်မလားဆိုတာ?
Join ပေးပါရန်
..........................