အားလုံးပဲမင်္ဂလာပါ... ဒီနေ့မှာတော့ ဂျပန်မှာရော မြန်မာနိုင်ငံမှာပါ နာမည်ကြီးပြီးအသုံးများတဲ့ ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Honda ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Mibe Toshihiro ရဲ့ မှတ်သားဖွယ်ရာ စကား

Toshihiro ဟာ Honda ကုမွဏီကို ၁၉၈၇ ခုနှစ်မှာ ဝင်ရောက်ပြီး ကားစက်ပစ္စည်းတွေ၊ ကားအင်ဂျင်နဲ့ပက်သက်တဲ့ တိုးတက်ရေးကို အဓိကထား ရှာဖွေလုပ်ကိုင်ခဲ့ပါတယ်။ သူဟာ Honda ကုမ္ပဏီမှာနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်ရောက်မှ Operation Officer ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ဧပြီလမှာတော့ ကုမ္ပဏီရဲ့ ရာထူးအကြီးဆုံးခေါင်းဆောင် အဖြစ် အသိမှတ်ပြုခြင်းခံခဲ့ရပါတယ်။

Toshihiro ရဲ့မှတ်သားဖွယ် စကားလေးကတော့ “ ၉၉ရာခိုင်နှုန်းသော ကျရှုံးမှု့က ၁ရာခိုင်နှုန်းသော အောင်မြင်မှု့ရဲ့ အထောက်အပံ့ဖြစ်တယ်။” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ “ဘဝမှာ အကြိမ်ပေါင်းများစွာ ကျရှုံးနေခဲ့ရင်တောင် စိတ်ဓာတ်မကျပဲ ကြိုးစားမယ်ဆိုရင် ထိုကျရှုံးမှု့တွေက အောင်မြင်ဖို့အတွက် အထောက်အပံ့တစ်ခု ဖြစ်လာနိုင်တယ်” ဆိုတဲ့အဓိပ္ပါယ်လေးပါ။ အားလုံးဒီစကားလေးအတိုင်းပဲ ၉၉ရာခိုင်နှုန်း ရှုံးနိမ့်ခဲ့ရင်တောင် စိတ်ဓာတ်မကျပဲ ၁ရာခိုင်နှုန်းပဲရှိတဲ့အောင်မြင်မှု့ဆီ ရောက်အောင်ကြိုးစားကြပါစို့နော်။
သင့်ရဲ့ပထမဆုံးခြေလှမ်းကို eJLs နဲ့စတင်လိုက်ပါ။