“မိနစံက ဂျပန်သွားဖို့ရည်ရွယ်ထားတာပဲဖြစ်ဖြစ် ၊ ဂျပန်စာသင်တဲ့ Sensei ဖြစ်ချင်တာပဲဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ ပွဲတော်လေးတွေအကြောင်းတော့ သိထားသင့်တယ်နော်။”

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရှိ အဓိက ပွဲတော် သုံးခုထဲမှ တစ်ခုဖြစ်တဲ့ Chichibu Night Festival ပွဲတော်လေးကို လေ့လာကြည့်ကြရအောင်။ တိုကျို မြို့ရဲ့ (150) km အကွာအဝေးမှာရှိတဲ့ Chichibu ဆိုတဲ့နေရာလေးမှာ နှစ်စဥ် ဒီဇင်ဘာလ၂၊၃ရက်နေ့တွေမှာ ကျင်းပနေကျပွဲလေးပဲဖြစ်ပါတယ်။

ပွဲတော်ရဲ့ အဓိကဆွဲဆောင်မှု့အပိုင်းကတော့ နတ်ကွန်း (၆) ခုနဲ့ မီးရှုးမီးပန်း ကြည့်ရတာလေးတွေပဲဖြစ်ပါတယ်။ နတ်ကွန်းကတော့ ရွေ့လျားနိုင်အောင်ပြုလုပ်ထားပြီး မီးပုံးသေးသေးလေးတွေ အများအပြားချိတ်ဆွဲပြီး အလှဆင်လေ့ရှိပါတယ်။ Chichibu နတ်ကျောင်းရဲ့ မုတ်ဦးကနေတဆင့် မြို့တော်ခန်းမထိ အရောက် လူအင်အားနဲ့ ဆွဲပြီးမြို့တလျှောက်လှည့်လည် ပူဇော်ကြပါတယ်။ ပွဲတော်ရဲ့ နာမည်ကြီးမှု့ကြောင့်နှစ်စဥ်နှစ်တိုင်း ပါဝင်ဆင်နွှဲသူများလေ့ရှိပါတယ်။ ညအချိန် ၇း၃၀ မှစပြီး မီးရှုးမီးပန်းဖောက်ပြီး ည ၁၀နာရီမှာ ပွဲ‌တော်ပြီးဆုံးပါတယ်။ တိုကျိုမှ လာရောက်သူတွေအဆင်ပြေစေရန်အတွက် နောက်ဆုံးရထားချိန် အမီ ပြန်နိုင်အောင်ဆောင်ရွက်ပေးလေ့ရှိပါတယ်။

ဂျပန်ရောက်ခဲ့ရင် ဒီပွဲတော်လေးကိုလည်း သွားရောက်လေ့လာကြည့်ဖို့ မမေ့နဲ့ဦးနော်။