"အောင်မြင်သူနဲ့ ကျရှုံးသူရဲ့ ကွာခြားမှု့က ညဏ်ရည်ထက် အကျင့်စရိုက်ပိုကောင်းတာပဲ ဖြစ်တယ်။"

ကိစ္စတစ်ခုခု ‌အောင်မြင်ဖို့အတွက် ကျွန်တော်တို့ဟာ ညဏ်ရည်ကောင်းဖို့ထက် သူတပါးအပေါ်ရိုးသားဖို့ အကျင့်စရိုက်ကောင်းဖို့က ပိုလိုအပ်ပါတယ်။

ဒီတန်ဖိုးရှိတဲ့မှတ်သားဖွယ် စကားလေးကို ပြောခဲ့သူကတော့ Softbank Group ရဲ့ ဦးဆောင်သူ CEO တစ်‌ယောက်ဖြစ်တဲ့ Masayoshi Son ပဲဖြစ်ပါတယ်။

Biography- Masayoshi Son ဟာဂျပန်နိုင်ငံ Tosu, Saga, မြို့မှာ 11 August 1957 ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အောက်တိုဘာလထိ သူပိုင်ဆိုင်တဲ့ ငွေကြေးပမာဏဟာ US$ 23.1billion ထိပိုင်ဆိုင်ထားပါတယ်။ သူဟာ ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးစာရင်းတွင် နံပါတ် ၂နေရာမှာရှိပြီး ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၆၈ အဆင့်ထိ ဝင်ထားသူဖြစ်ပါတယ်။ သူဟာပညာတက်တစ်ယောက်လည်း ဖြစ်သလို University of California, Berkeley ကနေ ဘွဲ့ရခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာချမ်းသာရုံသာမက အလှူအတန်းလည်းရက်ရောတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ငလျင်နဲ့ဆူနာမီ ‌ဘေးဒဏ်သင့် နေရာများကိုလည်း သူပိုင်ဆိုင်တဲ့ ထဲမှ ယန်း ၁၀ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၁၂၀ မီလီယံတိတိကို လှူတန်းခဲ့ပါတယ်။

သူအောင်မြင် ချမ်းသာမှု့ဟာ သူ့ညဏ်ရည်ကောင်းခြင်းထက် သူ့ရဲ့အကျင့်စရိုက်ကောင်းခြင်းကြောင့်ရရှိခဲ့တာဖြစ်တယ်လို့ ပြောလေ့ရှိပါတယ်။

အားလုံးပဲ Masayoshi Son လိုမျိူး သူတပါးအပေါ် ရိုးသားမယ်၊ အကျင့်စရိုက်ကောင်းစွာနေထိုင်မယ်ဆိုရင် တစ်နေ့ကျမိမိရည်မှန်းချက်တွေဖြစ်‌မြောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။