Tadashi Yanai ဟာ 7 February 1949 ဂျပန်နိုင်ငံမှာမွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မင်းကအမှားတွေကို အကောင်းဖက်ကတွေးပြီး

ယုံကြည်ချက်ထားရင်နောက်တစ်ကြိမ်အောင်မြင်မှာ မလွဲဧကန်ပဲ။"

ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးစာရင်းဝင် Tadashi Yanai ရဲ့ မှတ်သားဖွယ်ရာစကားလေးပဲဖြစ်ပါတယ်။ သူဟာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် အမှားများစွာလည်းပြုလုပ်ခဲ့ဖူးပြီး ထိုအမှားတွေထဲက သင်ခန်းစာယူရင်း အောင်မြင်မှု့ဆီတက်လှမ်းနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Tadashi Yanai ဟာ 7 February 1949 ဂျပန်နိုင်ငံမှာမွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာပညာတက်တစ်ယောက်ဖြစ်ပြီး တိုကျိုမြို့ Waseda တက္ကသိုလ်မှာ Master ဘွဲ့ရထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်ပြီး ကမ္ဘာအချမ်းသာဆုံး အဆင့် ၄၀ စာရင်းဝင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ စီးပွား‌ရေးလုပ်ငန်း ပထမဆုံးခြေလှမ်းအဖြစ် Super market မှာ အမျိုးသားဝတ်အင်္ကျီတွေရောင်းရင်းစတင်ခဲ့ရပါတယ်။ အကြိမ်ကြိမ် ကျရှုံးမှု့တွေ ကြုံတွေ့ခဲ့ရပေမယ့် စိတ်ဓာတ်မကျပဲ ကြိုးစားခဲ့တာကြောင့် လက်ရှိမှာတော့ US$33.4 billion ထိပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့တွေလည်း သူ့ရဲ့ကြိုးစားအားထုတ်မှု့တွေကိုအတုယူရင်း အောင်မြင်တဲ့ဘဝဆီသို့ လျောက်လှမ်းကြရအောင်...🥰🥰