ကျွန်တော်တို့ ငယ်ငယ်တည်းက သဘောကျနှစ်သက်ခဲ့ကြတဲ့ Super Mario ဂိမ်းလေးကို အားလုံးသိကြမယ်ထင်ပါတယ်။
ဒီဂိမ်းလေးကို တီထွင်ခဲ့တဲ့သူကတော့ Shigeru Miyamoto လို့ခေါ်တဲ့ ဂျပန်လူမျိုး ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူရဲ့ မှတ်သားဖွယ်ရာ စကားလေးကိုလေ့လာကြည့်ကြရအောင်...
"တခါတရံ အကြံဉာဏ်ကောင်းတစ်ခုက ပြသာနာတစ်ခုကို မဖြေရှင်းနိုင်ဘူး...
ဒါပေမယ့် ပြသာနာများစွာကို တစ်ကြိမ်တည်းဖြေရှင်းနိုင်လိမ့်မယ်။"
ပြသာနာတွေများစွာရှိနေပေမယ့် အကြံဉာဏ်ကောင်းတစ်ခုသာရှိမယ်ဆိုရင် အလွယ်တကူဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ...။
Shigeru Miyamoto ကိုတော့ November 16, 1952
Sonobe, Kyoto, Japan မှာမွေးဖွားခဲ့ပါတယ်။ သူဟာ kanazawa အနုပညာကောလိပ်ကျောင်းဆင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က သဘောကျနှစ်သက်ခဲ့တဲ့၊ လက်ရှိအချိန်ထိ လူကြိုက်များနေဆဲဖြစ်တဲ့ nitendo ဂိမ်းကုမ္ပဏီရဲ့ game designer, game producer တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ ၁၉၇၇ ခုနှစ်မှာ nitendo ကုမ္ပဏီကို ဝင်ရောက်ခဲ့ပြီး ဂိမ်းများကိုတီထွင်ခဲ့ပါတယ်။ သူတီထွင်ခဲ့တဲ့ ဂိမ်းများကတော့
Donkey Kong
F-Zero
Mario
Pikmin
Super Mario
Star Fox
The Legend of Zelda
Nintendogs စတဲ့ဂိမ်းတွေအပြင်တခြားအမျိူးအစားများစွာကိုလည်း တီထွင်ခဲ့ပါသေးတယ်။ ထိုအချိန်က ခေတ်စားခဲ့တဲ့ ဂိမ်းတွေဟာ ရမှတ် အဓိကဦးစားပေးတဲ့ ဂိမ်းအမျိုးစားတွေဖြစ်ပြီး Shigeru MIyamoto က Super Mario ဂိမ်းကို ဇာတ်လမ်းသွားပုံစံမျိုးနဲ့ စွန့်ဦးတီထွင်ခဲ့နိုင်ပြီး နာမည်ကြီးလူကြိုက်များဂိမ်းအဖြစ် ယနေ့တိုင်တည်ရှိအောင်လုပ်နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့အားလုံးလည်း Shigeru Miyamoto လိုမျိုး အကြံဉာဏ်ကောင်းတစ်ခုနဲ့အတူ ပြသာနာတွေ အများကြီးဖြေရှင်းနိုင်ဖို့ ကြိုးစားကြည့်ကြပါစို့...။