အားလုံးပဲမင်္ဂလာပါ... ဒီနေ့မှာတော့ ဂျပန်နိုင်ငံနဲ့ tattoo (ခေါ်) ဆေးမှင်ကြောင်ထိုးတာနဲ့ အဆင်ပြေမပြေလေ့လာကြည့်ကြရအောင်...

tattoo ထိုးခြင်းကို ဂျပန်နိုင်ငံမှာတားမြစ်ထားခြင်းမရှိပါဘူး...

ဒါပေမယ့် လူအများကြားထဲမှ‌တော့ ပေါ်ပေါ်ထင်ထင်သွားလာခွင့်မရှိပါဘူး..

အထူးသဖြင့် ရေနွေးစိမ်တဲ့နေရာ၊ gym တွေ၊ ရေကူးကန်တွေ စတဲ့လူအများအပြား သွားလာကြတဲ့ ရထားတွေ လိုင်းကားတွေစီးတဲ့ အခါမှာလည်း tattoo ကိုလူမြင်အောင်ဖော်ပြခွင့်မရှိပါဘူး။

လူဆိုးလူမိုက်တွေ ဂိုဏ်းအဖွဲ့ဝင်တွေသာလျှင် tattoo ထိုးလေ့ရှိတာမို့ ဂျပန်လူမျိုးအများစုဟာ tattoo ရှိတဲ့သူတွေကို သိပ်သဘောကျလေ့မရှိပါဘူး။ သို့ပေမယ့် ဂျပန်လူမျိုးတွေထဲမှာလည်း tattoo ကြိုက်တဲ့သူတွေ ရှိကြပါတယ်။ သူတို့ကတော့ လူမမြင်ရတဲ့နေရာမျိုး၊ အဝတ်အစားနဲ့ ဖုံးကွယ်ထားလို့ရတဲ့နေရာမျိုးတွေမှာသာ ထိုးလေ့ရှိကြပါတယ်။ tatttoo ရှိတဲ့နိုင်ငံခြားသား ခရီးသွားတွေကတော့ အလည်အပတ်သွားလာလို့ရပါတယ်။ သို့ပေမယ့် ဂျပန်မှာအလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားလူမျိုးတွေကတော့ tattoo ရှိနေရင် အလုပ်လုပ်ခွင့်ပေးလေ့မရှိပါဘူး။ တစ်ချို့ကုမ္ပဏီတွေကတော့ တစ်လက်မထက်မပိုရင် ချွင်းချက်အနေနဲ့ လက်ခံပေးလေ့ရှိကြပါတယ်။ လုံးဝမရှိရင်တော့အကောင်းဆုံးမို့ ဂျပန်မှာ အလုပ်လုပ်မယ်လို့တွေးထားရင်တော့ tattoo မထိုးဖို့တိုက်တွန်းပါရစေ။... 😉😉

eJLS Japanese Learning Website