Tokutei Visa နှင့် Training Visaကွာခြားချက်များ

Training Visa နဲ့သွားမယ်ဆိုရင်
(၁) အများဆုံး (၃)နှစ် အထိဗီဇာရရှိနိုင်မှာပါ။
(၂) ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါဘူး
(၃) ဂျပန်စာ N5 သင်ယူထားပြီးရင် မိမိနှင့်ကိုက်ညီတဲ့ အလုပ်အကိုင်ကို လျှောက်ထားနိုင်ပါတယ်။
(၄) အလုပ်အကိုင် ခေါ်ယူ မှု (၁၄၄) မျိုးရှိပေမယ့် လစဉ်အများဆုံး အလုပ်ချိန် ကန့်သတ်ချက်ရှိပါတယ်။
(၅) ကုန်ကျစရိတ် ကတော့ အမေရိကန်ဒေါ်လာ (၂,၈၀၀)+အခွန်၅%ကုန်ကျမှာပါ။

Tokutei ဗီဇာကတော့
(၁) ဗီဇာသက်တမ်း (၅)နှစ်ရရှိမှာပါ။
(၂) ပညာအရည်အချင်း မကန့်သတ်ထားပါဘူး
(၃) ဂျပန်စာ JFT A2 (သို့မဟုတ်) N4 အောင်မြင်ထားရမှာပါ။
(၄) မိမိလုပ်ကိုင်လိုတဲ့ အလုပ်နှင့် ပါတ်သတ်တဲ့ အရည်အချင်းစစ် စာမေးပွဲကို လည်း အောင်မြင်ထားရမှာပါ။
(၅) ချွင်းချက်အနေနဲ့ Training Visa နဲ့ (၃)နှစ် ပြန်လာတဲ့သူတွေက Tokutei Visa ကိုပြောင်းပြီးသွားဖို့အတွက်ကတော့ အလုပ်အကိုင်တူရင် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုဖို့မလိုဘဲ JFT A2 (သို့မဟုတ်) N4 အောင်မြင်ထား တာနဲ့ ပြောင်းလဲ နိုင်မှာပါ။
(၆) လက်ရှိမှာတော့ အလုပ်အကိုင် (၁၄)မျိုး လုပ်ကိုင်နိုင်ပါတယ်။
(၇) ဂျပန်လူမျိုးများနှင့် လစာနှင့် အခွင့်အရေးများ ရရှိမှာဖြစ်ပြီး အချိန်ပိုအကန့်အသတ်မရှိ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
(၈) ဗီဇာသက်တမ်းကို (၄)လ၊(၆)လ၊ (၁)နှစ် သက်တမ်းတိုးနိုင်မှာဖြစ်ပါတယ်။
(၈) ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၁,၅၀၀)+အခွန်၅%ကုန်ကျမှာပါ။