Major Terms

(1)建築(けんちく)(ken,chi,ku)-Building
အိမ်၊အဆောက်အဦးစသည်ဖြင့်လူများနေထိုင်သော၊အလုပ်လုပ်သောနေရာများကိုဆောက်လုပ်ခြင်းကို建築လို့ခေါ်ပါတယ်။ဒီနေရာမှာArchiကိုလဲ建築လို့ခေါ်ပါတယ်။

(2)土木(どぼく)(do,bo,ku)-Construction
လမ်းတံတား၊တူးမြောင်းစသည်ဖြင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ဆည်မြောင်းတာတမံတည်ဆောက်ခြင်းလုပ်ငန်းများကို土木လို့ခေါ်ပါတယ်။
※သတိပြုရန်-Civilဆိုတာ建築ကိုပြောခြင်းမဟုတ်ပါ။မြန်မာမှာက建築、土木နှစ်ခုလုံးပေါင်းမှCivilလို့ခေါ်တာပါ။ဂျပန်မှာက土木ပိုင်းကိုပဲCivilလို့သတ်မှတ်ထားတာပါ။

(3)設備(せつび)(se,tsu,bi)-M&E
Air Conditioning, Sanitary, Fire Fighting, Electrical Installation စသည်ဖြင့်Building Service Workများကို設備လို့ခေါ်ပါတယ်။

(4)構造(こうぞう)(kou,zou)-Structure
ဒါက建築ထဲမှာပါပေမယ့်Structureပိုင်းသီးသန့်ကိုတော့構造လို့ခေါ်ပါတယ်။

(5)木造(もくぞう)(moku,zou)-Wooden Structure
သစ်သားနှင့်ဆောက်ထားသောအဆောက်အဦးများကို木造လို့ခေါ်ပါတယ်။

(6)鉄骨造(てっこつぞう)(tek,kotsu,zou)-Steel Structure
သံနှင့်ဆောက်ထားသောအဆောက်အဦးများကို鉄骨造လို့ခေါ်ပါတယ်။S造(Sぞう)လို့လဲခေါ်ပါတယ်။

(7)鉄筋コンクリート造(てっきんコンクリートぞう)(tek,kin,konkurito,zou)-Reinforced Concrete Structure
သံကူကွန်ကရစ်အဆောက်အဦးများကိုခေါ်ပါတယ်။RC造(RCぞう)လို့လဲခေါ်ပါတယ်။

(8)鉄骨鉄筋コンクリート造(てっこつてっきんコンクリートぞう)(tek,kotsu,tek,kin,konkurito,zou)-Steel Framed Reinforced Concrete Structure
Steel Barအပြင်H, Iစသည့်သံFrameတွေပါအားဖြည့်ထားတဲ့သံကူကွန်ကရစ်အဆောက်အဦးဖြစ်ပါတယ်။
SRC造(SRCぞう)လို့လဲခေါ်ပါတယ်။

(9)木材(もくざい)(moku,zai)-Wooden Materials
သစ်သားကို木材လို့ခေါ်ပါတယ်။

(10)鋼材(こうざい)(kou,zai)-Steel Materials
သံချောင်း၊သံပိုက်စသည့်သံနှင့်ပတ်သက်သောဆောက်လုပ်‌‌ရေးပစည်းများကို鋼材လို့ခေါ်ပါတယ်။